Quran Apps in many lanuages:

Surah Sad Ayahs #63 Translated in Burmese

هَٰذَا فَوْجٌ مُقْتَحِمٌ مَعَكُمْ ۖ لَا مَرْحَبًا بِهِمْ ۚ إِنَّهُمْ صَالُو النَّارِ
(သူယုတ်မာအကြီးအကဲတို့က ပြောဆိုကြသည်မှာ) ဤသည် အသင်တို့နှင့်အတူ တိုးဝင်လျက် ရှိသော(အခြား)တပ်ဖွဲ့တစ်ဖွဲ့ပင်ဖြစ်၏။ ၎င်းတို့သည် ခုံမင်စွာ နှုတ်ဆက်ခြင်းနှင့် ကင်းဝေးကြစေသား၊ ဧကန်အမှန် ၎င်းတို့သည်လည်း ငရဲမီးထဲသို့ ဝင်ရောက်လျက်ရှိကြပေသည်။
قَالُوا بَلْ أَنْتُمْ لَا مَرْحَبًا بِكُمْ ۖ أَنْتُمْ قَدَّمْتُمُوهُ لَنَا ۖ فَبِئْسَ الْقَرَارُ
ထိုအခါ နောက်လိုက်ငယ်သားတို့က "ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် ခုံမင်စွာ နှုတ်ဆက်ခြင်းနှင့် ကင်းဝေးနေကြစေသား။ အသင်တို့သည်ပင်လျှင် ဤဒုက္ခကို ကျွန်ုပ်တို့၏ ရှေ့ဝယ် ယူဆောင်ခဲ့ကြလေသည်"ဟု ပြောဆိုကြပေမည်။ စင်စစ်မှာကား ယင်းနေရာထိုင်ခင်းသည် လွန်စွာဆိုးရွားလှသော နေရာထိုင်ခင်းပင်ဖြစ်၏။
قَالُوا رَبَّنَا مَنْ قَدَّمَ لَنَا هَٰذَا فَزِدْهُ عَذَابًا ضِعْفًا فِي النَّارِ
၎င်းတို့က "အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့ရှေ့ဝယ် ဤဒုက္ခကို ယူဆောင်ခဲ့သောသူ၌ အရှင်မြတ်သည် ငရဲဘုံတွင် ပြစ်ဒဏ်ကို နှစ်ဆတိုးစေတော်မူပါ" ဟု လျှောက်ထားကြပေမည်။
وَقَالُوا مَا لَنَا لَا نَرَىٰ رِجَالًا كُنَّا نَعُدُّهُمْ مِنَ الْأَشْرَارِ
ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့)ပြောဆို ကြပေမည်။ ဆိုးသွမ်းသောသူတို့တွင် အပါအဝင် ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ ရေတွက်မှတ်ယူလျက် ရှိခဲ့ကြသော ပုဂ္ဂိုလ်များ (ဝါ)(မုစ်လင်မ်တို့အား ငရဲဘုံတွင်) မည်သည့်အတွက်ကြောင့် ကျွန်ုပ်တို့သည် မတွေ့မြင်ကြရသနည်း။
أَتَّخَذْنَاهُمْ سِخْرِيًّا أَمْ زَاغَتْ عَنْهُمُ الْأَبْصَارُ
ကျွန်ုပ်တို့သည်ပင် ၎င်းတို့အား ပြက်ချော်ပြောင်လှောင်ဖွယ်ရာများ ပြုလုပ်မိခဲ့ကြလေသလော။ သို့တည်းမဟုတ်(ကျွန်ုပ်တို့၏)မျက်စိများပင် ၎င်းတို့ (အား မြင်နိုင်ခြင်း)မှ လွဲချော် တိမ်းမှောက်ကြလေသလော။

Choose other languages: