Quran Apps in many lanuages:

Surah Saba Ayahs #39 Translated in Burmese

وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။
قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားပြောဆို)ဖြေကြားပါလေ။ (အချင်းတို့၊)ဧကန်စင်စစ် ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူ၏။ သို့ရာတွင် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُمْ بِالَّتِي تُقَرِّبُكُمْ عِنْدَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
စင်စစ်သော်ကား အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့၏သားသမီးများ သည်လည်းကောင်း၊ အသင်တို့အား မည်သည့်အဆင့်အတန်း၌မျှ ငါအရှင်မြတ်၏အထံတော်သို့ နီးကပ်စေအံ့သောအရာများ မဟုတ်ပေ။သို့ရာတွင် မည်သူမဆို အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ၎င်းတို့အဖို့၎င်းတို့ ကျင့်မူဆောက်တည်ခဲ့ကြကုန်သော အကျင့်သီလများ၏တိုးသောအကျိုးရှိသည့်အပြင် ၎င်းတို့သည် မြင့်စွင့်သောအဆောင်များ၌ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ ရှိကြပေမည်။
وَالَّذِينَ يَسْعَوْنَ فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ
သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသော သူတို့မှာမူကား ပြစ်ဒဏ်၌ အဆင်သင့် ရောက်ရှိစေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။
قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ وَمَا أَنْفَقْتُمْ مِنْ شَيْءٍ فَهُوَ يُخْلِفُهُ ۖ وَهُوَ خَيْرُ الرَّازِقِينَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။

Choose other languages: