Quran Apps in many lanuages:

Surah Saba Ayahs #22 Translated in Burmese

وَجَعَلْنَا بَيْنَهُمْ وَبَيْنَ الْقُرَى الَّتِي بَارَكْنَا فِيهَا قُرًى ظَاهِرَةً وَقَدَّرْنَا فِيهَا السَّيْرَ ۖ سِيرُوا فِيهَا لَيَالِيَ وَأَيَّامًا آمِنِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့နှင့်ငါအရှင်မြတ် သုခချမ်းသာနှင့် ပြည့်စုံစေတော်မူခဲ့သော မြို့ရွာများ၏အကြား၌ မြင်လွယ်သောမြို့ရွာများကို စည်ကားစေတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများ၌ခရီး ထောက်များကိုလည်း သတ်မှတ်၍ ပေးတော်မူခဲ့၏။(၎င်းပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)အသင်တို့သည် ယင်းမြို့ရွာများတွင် ဘေးအန္တရာယ် ကင်းငြိမ်းစွာ နေ့ရောညပါ ခရီးသွားလာကြလေကုန်။
فَقَالُوا رَبَّنَا بَاعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوا أَنْفُسَهُمْ فَجَعَلْنَاهُمْ أَحَادِيثَ وَمَزَّقْنَاهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
ထိုအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အားမွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ခရီးလမ်းများကို ကွာဝေးစေတော်မူပါဟု လျှောက်ထားကြကုန်၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုပင် နှိပ်စက်ကလူ ပြုခဲ့ကြပေရာ ငါအရှင်မြတ်သည် ၎င်းတို့(၏အကြောင်း အတ္ထုပ္ပတိ္တ)ကို ယုံတမ်းစကားများပြုလုပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကစဉ့်ကလျား ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲဤသည့်(ဖြစ်ရပ်)၌ လွန်စွာကျေးဇူးသိတတ်သော၊ သည်းခံခြင်းတရားထားရှိသူ တိုင်းအဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိကုန်သတည်း။
وَلَقَدْ صَدَّقَ عَلَيْهِمْ إِبْلِيسُ ظَنَّهُ فَاتَّبَعُوهُ إِلَّا فَرِيقًا مِنَ الْمُؤْمِنِينَ
စင်စစ်ဧကန် အီဗ်လီစ် သည် ၎င်းတို့ (အာဒမ်၏သားသမီးများ)နှင့်ပတ်သက်သော မိမိ၏ ထင်မြင်ယူဆချက်ကို မှန်ကန်ကြောင်းတွေ့ရှိခဲ့၏။ အကြောင်းမူကား မုအ်မင်န်သက်ဝင်ယုံကြည်သူ များဖြစ်ကြသောလူစုမှအပ ၎င်းတို့မှာ ထိုအီဗ်လီစ် ၏နောက်သို့ လိုက်ခဲ့ကြသောကြောင့်ပင်။
وَمَا كَانَ لَهُ عَلَيْهِمْ مِنْ سُلْطَانٍ إِلَّا لِنَعْلَمَ مَنْ يُؤْمِنُ بِالْآخِرَةِ مِمَّنْ هُوَ مِنْهَا فِي شَكٍّ ۗ وَرَبُّكَ عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
စင်စစ်သော်ကား ထို အီဗ်လီစ် သည် ၎င်းတို့အပေါ်၌ လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ ငါအရှင်မြတ်သည် အာခိရတ်တမလွန်ဘဝကို ယုံကြည်သော သူတို့အား ယင်းအာခိရတ်တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ ရှိနေသောသူတို့နှင့်ခွဲခြား၍ သိတော်မူရန်သာလျှင်ဖြစ်ခဲ့၏။ စင်စစ်သော်ကားအသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်အရာခပ်သိမ်းတို့အပေါ်၌ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِنْ دُونِ اللَّهِ ۖ لَا يَمْلِكُونَ مِثْقَالَ ذَرَّةٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ وَمَا لَهُمْ فِيهِمَا مِنْ شِرْكٍ وَمَا لَهُ مِنْهُمْ مِنْ ظَهِيرٍ
(အို-နဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်(ကိုးကွယ်ရာဘုရားများဖြစ်ကြသည်ဟု) မိမိတို့ထင်မှတ် ကိုးကွယ်ခဲ့ကြသောသူတို့အားဟစ်ခေါ်ကြလေကုန်။ ထိုသူတို့သည်မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊နှမ်းစေ့ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါးယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၌ ၎င်းတို့၏ ဖက်စပ်မှုဟူ၍လည်း လုံးဝမရှိပေ။ ထိုနည်းတူစွာ ၎င်းတို့အနက်ထိုအရှင်မြတ်အား ယိုင်းပင်းကူညီသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။

Choose other languages: