Quran Apps in many lanuages:

Surah Saba Ayahs #15 Translated in Burmese

أَنِ اعْمَلْ سَابِغَاتٍ وَقَدِّرْ فِي السَّرْدِ ۖ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ بَصِيرٌ
(ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အားမိန့်ကြားတော်မူခဲ့၏။) အသင်သည် ပြည့်စုံသော သံချပ်အကျႌရှည်များကို ပြုလုပ်ပါလေ။ ၎င်းပြင် အသင်သည် (ကွင်းဆက်များကို) ဆက်ရာတွင် သင့်မြတ်အောင် ချိန်ဆခန့်မှန်း၍ ပြုလုပ်ပါလေ။ ထို့ပြင် (အို-ဒါဝူဒ်၏သားမြေးတို့) အသင်တို့သည်(ထိုဒါဝူဒ်နှင့်အတူ) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြလေကုန်၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့ ကျင့်မူပြုလုပ်သမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَنْ يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَنْ يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်)လေကိုစုလိုင်မာန် ၏(အမိန့်ကို နာခံစေတော်မူခဲ့၏။) ယင်းလေ၏နံနက်လမ်းခရီးမှာ တစ်လခရီးလမ်းဖြစ်၍ ညနေလမ်းခရီးမှာလည်း တလခရီးလမ်းပင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည်ထိုစုလိုင်မာန် ၏အကျိုးငှာ ကြေးနီချောင်းများကို စီးဆင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ဂျင်န်တို့အနက် အချို့မှာ ထိုစုလိုင်မာန်၏ရှေ့မှောက်ဝယ် ထိုစုလိုင်မာန်၏အရှင် မြတ်အမိန့်တော်နှင့် (၎င်းခိုင်းစေသမျှတို့ကို) လုပ်ကိုင် ဆောင်ရွက်ပေးလျက်သာရှိနေခဲ့ကြ၏။ စင်စစ်သော်ကား ထိုဂျင်န်များအနက် မည်သူမဆို ငါအရှင်မြတ်၏အမိန့်တော်မှ သွေဖည် တိမ်းယိမ်းသည်ရှိသော် ငါအရှင်မြတ်သည် ၎င်းအား အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးတောက်မီးလျှံ၏ အရသာကိုမြည်းစမ်းစေတော်မူမည်။
يَعْمَلُونَ لَهُ مَا يَشَاءُ مِنْ مَحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِنْ عِبَادِيَ الشَّكُورُ
ထိုဂျင်န်တို့သည် ထိုစုလိုင်မာန်၏ အကျိုးငှာ၎င်းအလိုရှိသော ကြီးကျယ်သောအဆောက်အအုံများကို လည်းကောင်း၊(ကျောက်၊ ကြေးနီ၊ ဖန် စသည်များဖြင့်ပြီးသော) ရုပ်တုများကိုလည်းကောင်း၊ ရေကန်ကြီးများတမျှရှိ ဇလုံ၊ အင်တုံများကိုလည်းကောင်း၊ မပြောင်း မရွှေ့နိုင်သော အိုးကြီးများကိုလည်းကောင်း၊ ပြုလုပ်ပေးကြကုန်၏။ (ထို့ပြင် ငါအရှင်မြတ်သည်ဤသို့ မိန့်ကြား တော်မူခဲ့၏) အို-ဒါဝူဒ် ၏သား၊မြေး၊ အိမ်သူအိမ်သားတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သော အနေနှင့်ကောင်းမှုပြုကြလေကုန်။ စင်စစ်သော်ကား ငါအရှင်မြတ်၏ကျွန်တို့အနက် ကျေးဇူးသိတတ်ကြ သောသူတို့မှာ နည်းပါးလှပေသတည်း။
فَلَمَّا قَضَيْنَا عَلَيْهِ الْمَوْتَ مَا دَلَّهُمْ عَلَىٰ مَوْتِهِ إِلَّا دَابَّةُ الْأَرْضِ تَأْكُلُ مِنْسَأَتَهُ ۖ فَلَمَّا خَرَّ تَبَيَّنَتِ الْجِنُّ أَنْ لَوْ كَانُوا يَعْلَمُونَ الْغَيْبَ مَا لَبِثُوا فِي الْعَذَابِ الْمُهِينِ
ထို့နောက် ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အပေါ်၌ မရဏ သေခြင်းတရားကို ပြဋ္ဌာန်းတော် မူခဲ့လေသောအခါ ၎င်း၏လှင်ကန်တောင်ဝှေးကို စားလျက်ရှိသည့်မြေကြီး၌နေသောပိုးကောင်မှတစ်ပါး ၎င်း ကွယ်လွန်သေဆုံးပြီးဖြစ်ကြောင်းကို ထိုဂျင်န်များအား မည်သူကမျှ သိစေခဲ့သည်မဟုတ်ပေ။ ထို့နောက် ထိုစုလိုင်မာန်သည် လဲ၍ကျသွားခဲ့သောအခါ ဂျင်န် များသည် ဧကန်စင်စစ် အကယ်၍ မိမိတို့မှာအကွယ် ၌ရှိသည်များကိုသိရှိကြလျှင် ဤသည့်ဂုဏ်ရည် သေးသိမ်စေသောဒုက္ခ၌ ဆက်လက်၍ နေခဲ့ကြမည် မဟုတ်ကြောင်းသိသွားခဲ့ကြကုန်သတည်း။
لَقَدْ كَانَ لِسَبَإٍ فِي مَسْكَنِهِمْ آيَةٌ ۖ جَنَّتَانِ عَنْ يَمِينٍ وَشِمَالٍ ۖ كُلُوا مِنْ رِزْقِ رَبِّكُمْ وَاشْكُرُوا لَهُ ۚ بَلْدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ
ဧကန်မုချ စဗာမျိုးနွယ်ဝင်တို့အဖို့ ၎င်းတို့၏နေထိုင်ရာဒေသ၌ပင် သက်သေလက္ခဏာသည် ရှိခဲ့၏။ ထိုမျိုးနွယ်ဝင်တို့နေထိုင်ရာ မြို့ရွာများ၏လက်ယာဘက်၌ လည်းကောင်း၊ လက်ဝဲဘက်၌ လည်းကောင်း၊ ဥယျာဉ်နှစ်ခုရှိခဲ့၏။(၎င်းတို့မှာ မိမိတို့၏ နဗီတမန်တော်များမှ တစ်ဆင့် ဤသို့မိန့်ကြားခြင်းကို ခံခဲ့ကြကုန်၏။) အသင်တို့သည် မိမိတို့၏ အရှင်မြတ်က ချီးမြှင့် ပေးသနားတော်မူသော စားနပ်ရိက္ခာကို စားသုံးကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အားကျေးဇူးတင်ရှိကြလေကုန်။ (အသင်တို့၏မြို့ရွာမှာ) ကောင်းမွန်သန့်ပြန့်သောမြို့ရွာဖြစ်၍ (အသင်တို့၏ အရှင်မြတ်မှာလည်း)လွန်စွာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

Choose other languages: