Quran Apps in many lanuages:

Surah Muhammad Ayahs #29 Translated in Burmese

إِنَّ الَّذِينَ ارْتَدُّوا عَلَىٰ أَدْبَارِهِمْ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَى ۙ الشَّيْطَانُ سَوَّلَ لَهُمْ وَأَمْلَىٰ لَهُمْ
ဧကန်စင်စစ် အကြင်သူတို့သည် ၎င်းတို့အဖို့ တရားလမ်းမှန် ထင်ရှားခဲ့ပြီးနောက်တွင် ကျောခိုင်း၍ ပြန်လှည့်သွားကြကုန်၏။ ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူတို့အား ဖြားယောင်းခဲ့လေ၏။ ထိုမှတစ်ပါး ယင်း’ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား မက်လုံးပြခဲ့လေ၏။
ذَٰلِكَ بِأَنَّهُمْ قَالُوا لِلَّذِينَ كَرِهُوا مَا نَزَّلَ اللَّهُ سَنُطِيعُكُمْ فِي بَعْضِ الْأَمْرِ ۖ وَاللَّهُ يَعْلَمُ إِسْرَارَهُمْ
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူခဲ့သော အမိန့်တော်များကို စက်ဆုပ်ကြသောသူတို့အား ဧကန်အမှန် ကျွန်ုပ်တို့သည် အချို့သောအရေးကိစ္စများ၌ အသင်တို့၏စကားကို လိုက်နာကြမည်ဟု ပြောဆိုခဲ့ကြသောကြောင့်ပင်။ စစ်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ လျှို့ဝှက်စွာပြောဆိုမှုကို ကောင်းစွာသိရှိတော်မူ၏။
فَكَيْفَ إِذَا تَوَفَّتْهُمُ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ
သို့ရာတွင် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် ထိုသူတို့၏ မျက်နှာများကိုလည်းကောင်း၊ ထိုသူတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်ကြလျက် ထိုသူတို့၏ အသက်ဇီဝိန်နှုတ်သိမ်းကြသောအခါ (ထိုသူတို့သည်) မည်သည့်အဖြစ်သို့ (ရောက်ရှိကြအံ့နည်း)။
ذَٰلِكَ بِأَنَّهُمُ اتَّبَعُوا مَا أَسْخَطَ اللَّهَ وَكَرِهُوا رِضْوَانَهُ فَأَحْبَطَ أَعْمَالَهُمْ
ထိုသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် မနှစ်မြို့သောနည်းလမ်းကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ နှစ်မြို့မှုကို စက်ဆုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အပြုအမူဆောင်ရွက်ချက်တို့ကို အချည်းနှီးပင် ဖြစ်စေတော်မူခဲ့ပေသတည်း။
أَمْ حَسِبَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ أَنْ لَنْ يُخْرِجَ اللَّهُ أَضْغَانَهُمْ
စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် ၎င်းတို့၏ ရန်ငြိုးထားမှုများကို ငါအရှင်မြတ်သည်အလျှင်း ထုတ်ဖော်တော်မူမည်မဟုတ် ဟု ထင်မှတ်နေကြလေသလော။

Choose other languages: