Quran Apps in many lanuages:

Surah Muhammad Ayahs #14 Translated in Burmese

أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ دَمَّرَ اللَّهُ عَلَيْهِمْ ۖ وَلِلْكَافِرِينَ أَمْثَالُهَا
၎င်းတို့သည် �မ္ဘာမြေဝယ် လှည့်လည်သွားလာမှုကို မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို မြင်ကြပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေးသူဟောင်းတို့အား ဖျက်ဆီးတော်မူခဲ့၏။ စင်စစ်သော်ကား (ဤ)’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့၌(လည်း)ယင်းကဲ့သို့သော အဖြစ်အပျက်များပင် ဖြစ်ပေါ်အံ့သတည်း။
ذَٰلِكَ بِأَنَّ اللَّهَ مَوْلَى الَّذِينَ آمَنُوا وَأَنَّ الْكَافِرِينَ لَا مَوْلَىٰ لَهُمْ
ယင်းသို့ဖြစ်ခြင်းမှာ အလ္လာဟ်အရှင်မြတ်သည်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် လည်းကောင်း၊ `ကာဖိရ်` သွေဖည်ငြင်းပယ်သောသူတို့၌ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသောအရှင်ဟူ၍ အလျှင်း မရှိသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَالَّذِينَ كَفَرُوا يَتَمَتَّعُونَ وَيَأْكُلُونَ كَمَا تَأْكُلُ الْأَنْعَامُ وَالنَّارُ مَثْوًى لَهُمْ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏ အောက်၌ ရေချောင်းများသည် စီးတွေလျက် ရှိကြပေမည်။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့မှာကား ခြေလေးချောင်းတိရစ္ဆာန်တို့စား(သောက်)ကြသကဲ့သို့ပင်(လောကီဘဝ၌သာလျှင်) စည်းစိမ်ခံခြင်း ကိုလည်းကောင်း၊ စား(သောက်၊ နေထိုင်)ခြင်းကို လည်းကောင်း၊ ပြုလုပ်၍နေကြကုန်၏။ စင်စစ်မှာမူကား (ငရဲ)မီးသာလျှင် ၎င်းတို့၏ နေရာထိုင်ခင်း (အစစ်အမှန်) ဖြစ်ပေသည်။
وَكَأَيِّنْ مِنْ قَرْيَةٍ هِيَ أَشَدُّ قُوَّةً مِنْ قَرْيَتِكَ الَّتِي أَخْرَجَتْكَ أَهْلَكْنَاهُمْ فَلَا نَاصِرَ لَهُمْ
စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများမှာ၊ ခွန်အားဗလအားဖြင့် အသင့်အား နှင်ထုတ်ခဲ့သော အသင်၏မြို့ရွာထက်ပိုမို (ကြီးမား) ပြင်းထန်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုမြို့ရွာများကို ဖျက်ဆီးတော်မူခဲ့၏။ ၎င်းတို့အား ကူညီစောင်မမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေတကား။
أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ كَمَنْ زُيِّنَ لَهُ سُوءُ عَمَلِهِ وَاتَّبَعُوا أَهْوَاءَهُمْ
သို့ဖြစ်ပေရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာပေါ်၌ ရပ်တည်လျက်ရှိကြသော သူတို့သည် အကြင်သူတို့ကဲ့သို့ ဖြစ်ကြပါမည်လော။ ထိုသူတို့၏ မကောင်းမှုများမှာ ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်နာခဲ့ကြကုန်၏။

Choose other languages: