Quran Apps in many lanuages:

Surah Maryam Ayahs #91 Translated in Burmese

لَا يَمْلِكُونَ الشَّفَاعَةَ إِلَّا مَنِ اتَّخَذَ عِنْدَ الرَّحْمَٰنِ عَهْدًا
(ထိုနေ့တွင်) ရဟ်မာန် အနန္တကရုဏာတော်ရှင်၏အထံတော်မှ ကတိတစ်စုံတစ်ရာ ရရှိပြီးဖြစ် သောသူမှတစ်ပါး အခြားသူတို့မှာ ကြားဝင်အသနား ခံပိုင်ခွင့်ရှိကြမည်မဟုတ်ပေတကား။
وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا
ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သားသမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။
لَقَدْ جِئْتُمْ شَيْئًا إِدًّا
ဧကန်မလွဲ အသင်တို့သည် အလွန်ဆိုးရွား သောအရာကို ကျူးလွန် (ပြောဆို)ခဲ့ကြကုန်သည်။
تَكَادُ السَّمَاوَاتُ يَتَفَطَّرْنَ مِنْهُ وَتَنْشَقُّ الْأَرْضُ وَتَخِرُّ الْجِبَالُ هَدًّا
ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။
أَنْ دَعَوْا لِلرَّحْمَٰنِ وَلَدًا
၎င်းတို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်၌ သားသမီး(ရှိသည်ဟု) ယိုးစွပ်ခဲ့ကြသောကြောင့်ပင်။

Choose other languages: