Quran Apps in many lanuages:

Surah Maryam Ayahs #94 Translated in Burmese

تَكَادُ السَّمَاوَاتُ يَتَفَطَّرْنَ مِنْهُ وَتَنْشَقُّ الْأَرْضُ وَتَخِرُّ الْجِبَالُ هَدًّا
ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။
أَنْ دَعَوْا لِلرَّحْمَٰنِ وَلَدًا
၎င်းတို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်၌ သားသမီး(ရှိသည်ဟု) ယိုးစွပ်ခဲ့ကြသောကြောင့်ပင်။
وَمَا يَنْبَغِي لِلرَّحْمَٰنِ أَنْ يَتَّخِذَ وَلَدًا
စင်စစ်မူကား သားသမီး တစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည် ရဟ်မာန် အနန္တကရုဏာတော်ရှင်နှင့် လုံးဝအပ်စပ်သည်မဟုတ်ပေ။
إِنْ كُلُّ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ إِلَّا آتِي الرَّحْمَٰنِ عَبْدًا
မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိကုန်သောသူ ဟူဟူသမျှတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့်သူချည်းသာ ဖြစ်ကုန်သတည်း။
لَقَدْ أَحْصَاهُمْ وَعَدَّهُمْ عَدًّا
ဧကန်မလွဲ ထိုအရှင်မြတ်သည် ၎င်းတို့အားဝန်းခြုံ၍ထားတော်မူသည့်ပြင် ၎င်းတို့အား ရေတွက်၍လည်းထားတော်မူလေသည်။

Choose other languages: