Quran Apps in many lanuages:

Surah Luqman Ayahs #6 Translated in Burmese

تِلْكَ آيَاتُ الْكِتَابِ الْحَكِيمِ
ဤသည် ဉာဏ်ပညာနှင့် ပြည့်စုံသော ကျမ်းဂန်၏(အကြင်) အာယတ်တော်များပင်။
هُدًى وَرَحْمَةً لِلْمُحْسِنِينَ
(ယင်း အာယတ်တော်များသည် အကြင်) သူမွန်သူမြတ်တို့အဖို့ တရားလမ်းညွှန်သည်လည်း ကောင်း၊ ကရုဏာတော်သည်လည်းကောင်း ဖြစ်ကြပေသည်။
الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ يُوقِنُونَ
(ထိုသူမွန်သူမြတ်တို့သည်) ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ၎င်းပြင် ဇကာတ် ပေးဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် တမလွန်ဘဝကို ယုံကြည်ကြကုန်၏။
أُولَٰئِكَ عَلَىٰ هُدًى مِنْ رَبِّهِمْ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ထိုသူတို့ကား မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အထံတော်မှ တရားလမ်းမှန်ပေါ်၌ (ရပ်တည်လျက်) ရှိကြပေသည်။ ထိုသူတို့သည်သာလျှင် အောင်မြင်မှုရရှိသောသူများ ဖြစ်ကြကုန်သတည်း။
وَمِنَ النَّاسِ مَنْ يَشْتَرِي لَهْوَ الْحَدِيثِ لِيُضِلَّ عَنْ سَبِيلِ اللَّهِ بِغَيْرِ عِلْمٍ وَيَتَّخِذَهَا هُزُوًا ۚ أُولَٰئِكَ لَهُمْ عَذَابٌ مُهِينٌ
း 6| စင်စစ်သော်ကား လူတို့အနက် အသိပညာသက်သေအထောက်အထားမရှိဘဲ(သူတစ်ပါးတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေအံ့သောငှာလည်းကောင်း၊ ယင်းလမ်းတော်ကို ပြက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်အံ့သောငှာလည်းကောင်း၊ အချည်းနှီး အကျိုးမဲ့သောစကားကို ဝယ်ယူသောသူလည်းရှိ၏။ ယင်းကဲ့သို့သောသူတို့၌ဂုဏ်အသရေ ပျက်စေသောပြစ်ဒဏ်ရှိချေမည်။

Choose other languages: