Quran Apps in many lanuages:

Surah Luqman Ayahs #15 Translated in Burmese

هَٰذَا خَلْقُ اللَّهِ فَأَرُونِي مَاذَا خَلَقَ الَّذِينَ مِنْ دُونِهِ ۚ بَلِ الظَّالِمُونَ فِي ضَلَالٍ مُبِينٍ
ဤသည်(တို့)ကား အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ^ဖန်ဆင်းမှုများပင်။ သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်အပြင် ရှိကြသောသူတို့က မည်သည့်အရာများဖန် ဆင်းခဲ့ကြသည်ကို ငါ့အားပြသကုန်လော့။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား မတရားသောသူတို့သည် ထင်ရှားစွာသောလမ်းမှား၌ပင် ရှိကြကုန်သတည်း။
وَلَقَدْ آتَيْنَا لُقْمَانَ الْحِكْمَةَ أَنِ اشْكُرْ لِلَّهِ ۚ وَمَنْ يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ حَمِيدٌ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ‘လွတ်က်မာန်’အား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ရှိပါမူ ထိုသူသည် မိမိအကျိုးငှာသာလျှင် ကျေးဇူးတင်လေသည်။ သို့ရာတွင်မည်သူမဆို ကျေးဇူးကန်းခဲ့မူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာချီးမွမ်းခြင်း ခံထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်ဟူ၍(အမိန့်တော် ထုတ်ပြန်တော်မူခဲ့ပေသတည်း)။
وَإِذْ قَالَ لُقْمَانُ لِابْنِهِ وَهُوَ يَعِظُهُ يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ
၎င်းပြင် တစ်ရံရောအခါဝယ် လွတ်က်မာန်သည် မိမိသားကို ဆုံးမဩဝါဒပေးရာ၌(ဤ)သို့ ပြောကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို မပြုလေနှင့်။ (အကြောင်းမူကား)မချွတ်ဧကန်တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်) မှုသည် အမှန်ပင် ကြီးလေးလှစွသောမတရား မှု ဖြစ်သောကြောင့်တည်း။
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَىٰ وَهْنٍ وَفِصَالُهُ فِي عَامَيْنِ أَنِ اشْكُرْ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ
ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။
وَإِنْ جَاهَدَاكَ عَلَىٰ أَنْ تُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِي الدُّنْيَا مَعْرُوفًا ۖ وَاتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَيَّ ۚ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။

Choose other languages: