Quran Apps in many lanuages:

Surah Ibrahim Ayahs #32 Translated in Burmese

أَلَمْ تَرَ إِلَى الَّذِينَ بَدَّلُوا نِعْمَتَ اللَّهِ كُفْرًا وَأَحَلُّوا قَوْمَهُمْ دَارَ الْبَوَارِ
(အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား မမြင်ခဲ့လေသလော။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သွေဖည်ငြင်းပယ်မှုနှင့် လဲလှယ်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် မိမိတု့ိ၏ အမျိုးသားတို့ကိုပျက်စီးရာဌာနသို့ဆွဲချ သက်ဆင်းစေခဲ့ကြကုန်သတည်း။
جَهَنَّمَ يَصْلَوْنَهَا ۖ وَبِئْسَ الْقَرَارُ
ဂျဟန္နမ်ငရဲဘုံသို့၊ ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံသို့ လားကြပေမည်။ စင်စစ်မှာမူကား ယင်းဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးရွားလှသော ရပ်တည်ရာဌာနပင် ဖြစ်လေသတည်း။
وَجَعَلُوا لِلَّهِ أَنْدَادًا لِيُضِلُّوا عَنْ سَبِيلِهِ ۗ قُلْ تَمَتَّعُوا فَإِنَّ مَصِيرَكُمْ إِلَى النَّارِ
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးတို့ကိုလည်းကောင်း၊) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲစေအံ့သောငှာ ထိုအရှင်မြတ်၏ ဂုဏ်ရည်တူများကို ပြုလုပ်ခဲ့ကြကုန်၏။(မှတ်ယူခဲ့ကြကုန်၏)။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့) အသင်တို့သည်(ဤလောကီဘဝ၌အနည်းငယ်)အကျိုးခံစားကြလေကုန်(နောက်ဆုံး)စခန်းသည် ငရဲမီး၌ပင်ဖြစ်ပေသည်ဟုပြောကြားပါလေ။
قُلْ لِعِبَادِيَ الَّذِينَ آمَنُوا يُقِيمُوا الصَّلَاةَ وَيُنْفِقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خِلَالٌ
(အို- နဗီတမန်တော်) အသင်သည် သက်ဝင်ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ကျွန်များအား ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်။ ထို့ပြင် ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် ဥစ္စာပစ္စည်းများအနက်မှ အကြင်နေ့ မဆိုက်ရောက်မီ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြရမည်ဟု ပြောကြားပါလေ။ ထိုနေ့တွင် ကုန်သွယ်မှုသည်လည်းရှိလိမ့်မည်မဟုတ်ပေ။ မိတ်ဖွဲ့ရင်းနှီး ကျွမ်းဝင်မှုဟူ၍လည်းရှိလိမ့်မည်မဟုတ်ပေ။
اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَكُمْ ۖ وَسَخَّرَ لَكُمُ الْفُلْكَ لِتَجْرِيَ فِي الْبَحْرِ بِأَمْرِهِ ۖ وَسَخَّرَ لَكُمُ الْأَنْهَارَ
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့လေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုရေဖြင့် အသင်တို့အဖို့ သစ်သီးဝလံများကို ရိက္ခာအဖြစ်ထွက်စေတော် မူခဲ့လေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ရွက်သင်္ဘောများကို၊ထိုရွက်သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့်ပင်လယ်သမုဒ္ဒရာ၌သွားလာအံ့သောငှာ၊ အသင်တို့၏အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ၊ မြစ်ချောင်းများကိုလည်း နိုင်နှင်းစေတော်မူခဲ့၏။

Choose other languages: