Quran Apps in many lanuages:

Surah Ibrahim Ayahs #15 Translated in Burmese

قَالَتْ لَهُمْ رُسُلُهُمْ إِنْ نَحْنُ إِلَّا بَشَرٌ مِثْلُكُمْ وَلَٰكِنَّ اللَّهَ يَمُنُّ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَمَا كَانَ لَنَا أَنْ نَأْتِيَكُمْ بِسُلْطَانٍ إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
၎င်းတို့အား ၎င်းတို့၏ ရစူလ်တမန်တော်များက(ဤသို့)ပြောဆိုဖြေကြားခဲ့ပေသည်။ (အချင်းတို့၊ဧကန်မလွဲ)ငါတို့သည် အသင်တို့ကဲ့သို့ပင် လူသားများသာဖြစ်ကြပေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူအပေါ်၌ ကျေးဇူးပြုတော်မူလေ့ရှိပေသည်။ စင်စစ်သော်ကား ငါတို့၌ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး အသင်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ခုကိုယူဆောင်လာကြရန် အခွင့်အာဏာမရှိပေ။ အမှန်သော်ကားမုအ်မင်န် သက်ဝင် ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ယုံပုံလွှဲအပ်ကြရာကုန်သတည်း။
وَمَا لَنَا أَلَّا نَتَوَكَّلَ عَلَى اللَّهِ وَقَدْ هَدَانَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَا آذَيْتُمُونَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။
وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُمْ مِنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။
وَلَنُسْكِنَنَّكُمُ الْأَرْضَ مِنْ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
၎င်းပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချ၍ပေးတော်မူအံ့။ ဤ(ကတိဝန်ခံချက်)သည်ကား ငါအရှင်မြတ်၏ ေ့ရှတော်မှောက်ဝယ် မတ်တတ်ရပ်ရမည်ကို စိုးရိမ်သောသူ၏အဖို့လည်းကောင်း၊ ငါအရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်ကို ကြောက်ရွံ့သောသူ၏အဖို့လည်းကောင်း၊ ဖြစ်ပေသတည်း။
وَاسْتَفْتَحُوا وَخَابَ كُلُّ جَبَّارٍ عَنِيدٍ
ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။

Choose other languages: