Quran Apps in many lanuages:

Surah Hud Ayahs #76 Translated in Burmese

قَالَتْ يَا وَيْلَتَىٰ أَأَلِدُ وَأَنَا عَجُوزٌ وَهَٰذَا بَعْلِي شَيْخًا ۖ إِنَّ هَٰذَا لَشَيْءٌ عَجِيبٌ
(ထိုအခါ) ထိုကြင်ရာတော်(စာရာ)က ဪအကျုးိနည်းရလေခြင်း။ ကျွန်ုပ်သည် သားဖွားဦးမည်လော။စင်စစ်သော်ကား ကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သောအမယ်အိုတစ်ဦးဖြစ်ရုံမျှမက ဤကျွန်ုပ်၏ခင်ပွန်း (နဗီတမန်တော်အစ်ဗ်ရာဟီမ်) သည်လည်း အသက်အရွယ်ကြီးရင့်သောအဘိုးအိုတစ်ဦးပင်ဖြစ်ချေသည်။ ဧကန်စင်စစ် ဤသည်အလွန်အံ့ဖွယ်ရာ စကားတစ်ရပ်ပင်ဖြစ်ပေသည်တကားဟုပြောဆိုခဲ့ပေသတည်း။
قَالُوا أَتَعْجَبِينَ مِنْ أَمْرِ اللَّهِ ۖ رَحْمَتُ اللَّهِ وَبَرَكَاتُهُ عَلَيْكُمْ أَهْلَ الْبَيْتِ ۚ إِنَّهُ حَمِيدٌ مَجِيدٌ
ထိုစေတမန်တို့က (နဗီတမန်တော်ဣဗ်ရာဟီမ်၏ကြင်ရာတော် စာရဟ်သခင်မအား ဤသို့) ပြောဆိုဖြေကြားခဲ့ကြလေသည်။ အသင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို အံ့ဩ၍နေပါသလော။ အို-(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) အိမ်သူအိမ်သားတို့ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်လည်း ကောင်း၊ ထိုအရှင်မြတ်၏ ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည်လည်းကောင်း၊ အသင်တို့အပေါ်၌ကျရောက် မြဲပင် ဖြစ်ချေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ချီးမွမ်းထောပနာပြုခြင်းကို ခံထိုက်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
فَلَمَّا ذَهَبَ عَنْ إِبْرَاهِيمَ الرَّوْعُ وَجَاءَتْهُ الْبُشْرَىٰ يُجَادِلُنَا فِي قَوْمِ لُوطٍ
တစ်ဖန် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်(၏စိတ်ထဲ)မှစိုးရိမ်မှုသည် ကင်းရှင်း၍သွားပြီးနောက် ယင်း၏ထံသို့ဝမ်းမြောက်ဖွယ်ရာသတင်းကောင်း ရောက်ရှိလာသောအခါထို(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်(နဗီတမန်တော်)လူ(တ်)၏အမျိုးသားတို့နှင့်ပတ်သက်၍ ငါအရှင်မြတ်(၏ ကောင်းကင်တမန်များ)နှင့် အငြင်းအခုံ ပြုလုပ်လေတော့သည်။
إِنَّ إِبْرَاهِيمَ لَحَلِيمٌ أَوَّاهٌ مُنِيبٌ
ဧကန်စင်စစ် (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် အလွန်တရာ ထောက်ထား စာနာတတ်သူ၊ အလွန်တရာတိုးလျှိုးတောင်းပန်သူ၊ အလွန်တရာ နောင်တရတတ်သူပင်ဖြစ်ပေသတည်း။
يَا إِبْرَاهِيمُ أَعْرِضْ عَنْ هَٰذَا ۖ إِنَّهُ قَدْ جَاءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ آتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍ
အို-အစ်ဗ်ရာဟီမ်၊ အသင်သည် ဤသည်မှရှောင်ဖယ်၍နေပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိခဲ့လေပြီ။ ထိုမှတစ်ပါး ၎င်းတို့ထံ ပြန်လည် ရုပ်သိမ်းခြင်းမရှိသော ပြစ်ဒဏ်ကျရောက်တော့မည်မှာ ဧကန်မလွဲတည်း။

Choose other languages: