Quran Apps in many lanuages:

Surah Hud Ayahs #58 Translated in Burmese

إِنْ نَقُولُ إِلَّا اعْتَرَاكَ بَعْضُ آلِهَتِنَا بِسُوءٍ ۗ قَالَ إِنِّي أُشْهِدُ اللَّهَ وَاشْهَدُوا أَنِّي بَرِيءٌ مِمَّا تُشْرِكُونَ
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။
مِنْ دُونِهِ ۖ فَكِيدُونِي جَمِيعًا ثُمَّ لَا تُنْظِرُونِ
သို့ဖြစ်ပေရာ အသင်တို့အားလုံးသည် ငါနှင့်ဆန့်ကျင်၍ လျှို့ဝှက်ကြံစည်ကြလေကုန်။ ထို့နောက် အသင်တို့သည် ငါအား (အနည်းငယ်မျှပင်) ရွှေ့ဆိုင်း ခွင့်မပေးကြကုန်လင့်။
إِنِّي تَوَكَّلْتُ عَلَى اللَّهِ رَبِّي وَرَبِّكُمْ ۚ مَا مِنْ دَابَّةٍ إِلَّا هُوَ آخِذٌ بِنَاصِيَتِهَا ۚ إِنَّ رَبِّي عَلَىٰ صِرَاطٍ مُسْتَقِيمٍ
အကယ်စင်စစ် ငါသည် ငါ၏အရှင်မြတ်လည်းဖြစ်တော်မူသော အသင်တို့၏အရှင်မြတ်လည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ခဲ့လေပြီ။ ထိုအရှင်မြတ်သည် ရှိရှိသမျှသော တိရစ္ဆာန်တို့၏နဖူး(ဆံစ)ကို ဆုပ် ကိုင်ထားတော်မူပေသည်။ ဧကန်မလွဲ ငါ၏ အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ ပင်ရှိနေတော်မူပေသတည်း။
فَإِنْ تَوَلَّوْا فَقَدْ أَبْلَغْتُكُمْ مَا أُرْسِلْتُ بِهِ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّي قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُ شَيْئًا ۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲဖယ်လျက်ပင် ရှိနေကြလျှင် မုချဧကန် ငါသည် အကြင်အမိန့်တော်များကို အသင်တို့ထံ ပို့ခဲ့ပြီးဖြစ်ပေသည်။ ငါသည် ထိုအမိန့်တော်များနှင့်တကွ အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းကို ခံခဲ့ရလေသည်။ ထို့ပြင် ငါ၏အရှင်မြတ်သည် (အသင်တို့နေရာတွင်) အသင်တို့၏ကိုယ်စား အခြားလူမျိုးတစ်မျိုးကို ခန့်အပ်တော်မူမည်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အားတစ်စုံတစ်ရာမျှပင် ကျိုးယုတ်ဆုံးရှုံး စေနိုင်ကြမည် မဟုတ်ပေ။ဧကန်စင်စစ် ငါ၏အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا هُودًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَنَجَّيْنَاهُمْ مِنْ عَذَابٍ غَلِيظٍ
တစ်ဖန် ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာ သောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဟူဒ်အားလည်း ကောင်း၊ ထို(နဗီတမန်တော်) ဟူဒ်နှင့်အတူ သက်ဝင်ယုံကြည် ခဲ့ကြသော သူတို့အား လည်း ကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်တင် တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို သူတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တစ်ရပ်မှလည်း ကယ်တင်တော်မူခဲ့လေသတည်း။

Choose other languages: