Quran Apps in many lanuages:

Surah Hud Ayahs #60 Translated in Burmese

إِنِّي تَوَكَّلْتُ عَلَى اللَّهِ رَبِّي وَرَبِّكُمْ ۚ مَا مِنْ دَابَّةٍ إِلَّا هُوَ آخِذٌ بِنَاصِيَتِهَا ۚ إِنَّ رَبِّي عَلَىٰ صِرَاطٍ مُسْتَقِيمٍ
အကယ်စင်စစ် ငါသည် ငါ၏အရှင်မြတ်လည်းဖြစ်တော်မူသော အသင်တို့၏အရှင်မြတ်လည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ခဲ့လေပြီ။ ထိုအရှင်မြတ်သည် ရှိရှိသမျှသော တိရစ္ဆာန်တို့၏နဖူး(ဆံစ)ကို ဆုပ် ကိုင်ထားတော်မူပေသည်။ ဧကန်မလွဲ ငါ၏ အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ ပင်ရှိနေတော်မူပေသတည်း။
فَإِنْ تَوَلَّوْا فَقَدْ أَبْلَغْتُكُمْ مَا أُرْسِلْتُ بِهِ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّي قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُ شَيْئًا ۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲဖယ်လျက်ပင် ရှိနေကြလျှင် မုချဧကန် ငါသည် အကြင်အမိန့်တော်များကို အသင်တို့ထံ ပို့ခဲ့ပြီးဖြစ်ပေသည်။ ငါသည် ထိုအမိန့်တော်များနှင့်တကွ အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းကို ခံခဲ့ရလေသည်။ ထို့ပြင် ငါ၏အရှင်မြတ်သည် (အသင်တို့နေရာတွင်) အသင်တို့၏ကိုယ်စား အခြားလူမျိုးတစ်မျိုးကို ခန့်အပ်တော်မူမည်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အားတစ်စုံတစ်ရာမျှပင် ကျိုးယုတ်ဆုံးရှုံး စေနိုင်ကြမည် မဟုတ်ပေ။ဧကန်စင်စစ် ငါ၏အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا هُودًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَنَجَّيْنَاهُمْ مِنْ عَذَابٍ غَلِيظٍ
တစ်ဖန် ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာ သောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဟူဒ်အားလည်း ကောင်း၊ ထို(နဗီတမန်တော်) ဟူဒ်နှင့်အတူ သက်ဝင်ယုံကြည် ခဲ့ကြသော သူတို့အား လည်း ကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်တင် တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို သူတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တစ်ရပ်မှလည်း ကယ်တင်တော်မူခဲ့လေသတည်း။
وَتِلْكَ عَادٌ ۖ جَحَدُوا بِآيَاتِ رَبِّهِمْ وَعَصَوْا رُسُلَهُ وَاتَّبَعُوا أَمْرَ كُلِّ جَبَّارٍ عَنِيدٍ
စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကိုဖီဆန်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ခေါင်းမာသော၊ နိုင်ထက် ကလူပြုမူသောလူတိုင်း၏ အမိန့်ကို လိုက်နာခဲ့ကြကုန်သတည်း။
وَأُتْبِعُوا فِي هَٰذِهِ الدُّنْيَا لَعْنَةً وَيَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ عَادًا كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِعَادٍ قَوْمِ هُودٍ
ထို့ပြင် ၎င်းတို့သည် ဤပစ္စုပ္ပန်မျက်မှောက်လောကီဘဝ၌လည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထရမည့် နေ့တွင်လည်း ကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို(မိမိတို့)နောက်မှ ထက်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။သတိပြုကြလေကုန်။ ဧကန်မလွဲ အာဒ် အမျိုးသားတို့သည်မိမိတို့အရှင်မြတ်အား ငြင်းပယ်ခဲ့ကြလေသည်။ သတိပြုကြလေကုန်။ (နဗီတမန်တော်)ဟူဒ်၏အမျိုးသားများဖြစ်ကုန်သောအာဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။

Choose other languages: