Quran Apps in many lanuages:

Surah Hud Ayahs #35 Translated in Burmese

وَلَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ إِنِّي مَلَكٌ وَلَا أَقُولُ لِلَّذِينَ تَزْدَرِي أَعْيُنُكُمْ لَنْ يُؤْتِيَهُمُ اللَّهُ خَيْرًا ۖ اللَّهُ أَعْلَمُ بِمَا فِي أَنْفُسِهِمْ ۖ إِنِّي إِذًا لَمِنَ الظَّالِمِينَ
၎င်းပြင် ငါသည် မိမိထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များရှိသည်ဟူ၍လည်းကောင်း၊ ငါသည်အကွယ်၌ရှိသောအရာအားလုံးကို သိသည် ဟူ၍လည်းကောင်း၊အသင်တို့အား ပြောဆိုသည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ် ငါသည် ကောင်းကင်တမန်ဖြစ်သည်ဟူ၍လည်း ပြောဆိုသည် မဟုတ်ပေ။ ထို့ပြင် ငါသည် အသင်တို့၏အမြင်တွင်သေးသိမ်လျက်ရှိကြကုန်သောသူတို့နှင့် ပတ်သက်၍ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်ခြင်းကို အလျင်းချီးမြှင့်ပေးသနားတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းပြောဆိုသည်မဟုတ်ချေ။ ၎င်းတို့၏စိတ်နှလုံးတွင် ရှိသည်တို့ကိုအလ္လာဟ်အရှင်မြတ်ပင် အသိဆုံးသောအရှင်မြတ်ဖြစ်တော်မူပေသည်။ ဧကန်မလွဲ ငါသည် ထိုကဲ့သို့(ပြောမိခဲ့ပါ)လျှင်မတရား သောသူတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ပေမည်။
قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
(ထိုအခါ အမျိုးသားများက ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို-နူဟ်၊ ဧကန်မလွဲ အသင်သည် ကျွန်ုပ်တို့နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ တစ်ဖန် အသင်သည်(ယင်းကဲ့သို့)ကျွန်ုပ်တို့နှင့် အငြင်းအခုံ ပြုခြင်းကို အလွန်များမြောင် (ကျယ်ပြန့်)စေခဲ့ပြန်၏။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည်သစ္စာဝါဒီ မှန်ကန်စွာပြောဆိုသူဖြစ်ပါလျှင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော ပြစ်ဒဏ်ကို အသင်သည် ကျွန်ုပ်တို့ထံယူဆောင်ခဲ့လော့။
قَالَ إِنَّمَا يَأْتِيكُمْ بِهِ اللَّهُ إِنْ شَاءَ وَمَا أَنْتُمْ بِمُعْجِزِينَ
(နဗီတမန်တော်နူဟ်သည်ဤသို့)ပြောဆို ပြန်ကြားခဲ့လေသည်။ (အချင်းတို့) အကယ်၍ ထိုအရှင်မြတ်သည်အလိုရှိတော်မူခဲ့ပါလျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယူလာတော်မူပေမည်။ စင်စစ်သော်ကား အသင်တို့သည်(ထိုအရှင်မြတ်အား ပြစ်ဒဏ်ယူလာတော်မူခြင်းကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်သူများမဟုတ်ကြချေ။
وَلَا يَنْفَعُكُمْ نُصْحِي إِنْ أَرَدْتُ أَنْ أَنْصَحَ لَكُمْ إِنْ كَانَ اللَّهُ يُرِيدُ أَنْ يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ
စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း ငါ၏ ကောင်းကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရကုန်အံ့။
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَعَلَيَّ إِجْرَامِي وَأَنَا بَرِيءٌ مِمَّا تُجْرِمُونَ
၎င်းတို့က ထို(နဗီတမန်တော် မုဟမ္မဒ်)သည်ယင်း(ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့) ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) ထိုသို့ဖြစ်ခဲ့ပါမူငါ၏အပြစ်သည် ငါ၏ အပေါ်၌သာလျှင် ရှိပေမည်။ သို့ရာတွင် ငါသည် အသင်တို့ ကျူးလွန်လျက်ရှိကုန်သော ပြစ်မှုများမှလွတ်ကင်းသူဖြစ်သည်။

Choose other languages: