Quran Apps in many lanuages:

Surah Hud Ayahs #29 Translated in Burmese

وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ إِنِّي لَكُمْ نَذِيرٌ مُبِينٌ
ထို့ပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ (သို့ဖြစ်ပေရာ ထိုနဗီတမန်တော်နူဟ်က) ဧကန်အမှန် ငါသည် အသင်တို့အဖို့ ပွင့်ပွင့်လင်းလင်း ထင်ရှားစွာသော သတိပေးသူဖြစ်သည်(ဟု ပြောဆိုခဲ့လေသည်)။
أَنْ لَا تَعْبُدُوا إِلَّا اللَّهَ ۖ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ أَلِيمٍ
အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှ တစ်ပါးအခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြကုန်လင့်။ အကြောင်းသော်ကား ငါသည် အသင်တို့နှင့်ပတ်သက်၍နာကျင်ဖွယ်ဖြစ်သောနေ့၏ပြစ်ဒဏ်ကို စိုးရိမ်သောကြောင့်ပင်။
فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ مَا نَرَاكَ إِلَّا بَشَرًا مِثْلَنَا وَمَا نَرَاكَ اتَّبَعَكَ إِلَّا الَّذِينَ هُمْ أَرَاذِلُنَا بَادِيَ الرَّأْيِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِنْ فَضْلٍ بَلْ نَظُنُّكُمْ كَاذِبِينَ
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي رَحْمَةً مِنْ عِنْدِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنْتُمْ لَهَا كَارِهُونَ
(ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။
وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُمْ مُلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။

Choose other languages: