Quran Apps in many lanuages:

Surah Hud Ayahs #112 Translated in Burmese

وَأَمَّا الَّذِينَ سُعِدُوا فَفِي الْجَنَّةِ خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۖ عَطَاءً غَيْرَ مَجْذُوذٍ
သို့ရာတွင် အကြောင်းလှသောသူတို့မှာမူကားဂျန္နတ်အမတသုခဘုံ၌ ရှိကြပေမည်။ (၎င်းတို့သည်) မိုးကောင်းကင်များနှင့်ပထဝီမြေသည် တည်ရှိနေသမျှကာလပတ်လုံး ထိုဂျန္နတ်အမတသုခဘုံတွင် အသင်၏အရှင်မြတ် အလိုတော်ရှိတော်မူခဲ့သည်မှတစ်ပါး ထာဝစဉ်နေထိုင်သူများအဖြစ် စံမြန်းကြပေမည်။ (ဤဆုကျေးဇူး) ချီးမြှင့်တော်မူခြင်းကား အဆက်မပြတ် ချီးမြှင့်တော်မူခြင်းပင်တည်း။
فَلَا تَكُ فِي مِرْيَةٍ مِمَّا يَعْبُدُ هَٰؤُلَاءِ ۚ مَا يَعْبُدُونَ إِلَّا كَمَا يَعْبُدُ آبَاؤُهُمْ مِنْ قَبْلُ ۚ وَإِنَّا لَمُوَفُّوهُمْ نَصِيبَهُمْ غَيْرَ مَنْقُوصٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်ဤသူများ ဆည်းကပ်ကိုးကွယ်သောအရာ များနှင့်စပ်လျဉ်း၍ဒွိဟသံသယ မဖြစ်ပါလေနှင့်။ (စင်စစ်သော်ကား)၎င်းတို့သည်မိမိတို့အဖ ဘိုးဘေး များအလျင်က ဆည်းကပ်ကိုးကွယ်လျက်ရှိခဲ့ကြသည့်နည်းတူ ကိုးကွယ်ဆည်းကပ်နေကြသည်ပင်။ ထို့ပြင်ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ဝေစုဝေပုံကို ယုတ်လျော့စေခြင်းမရှိစေဘဲ အပြည့်ပေးတော်မူမည်ဖြစ်ပေသတည်း။
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِنْهُ مُرِيبٍ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ သို့ရာတွင် ထိုကျမ်းဂန် နှင့်စပ်လျဉ်း၍(လည်း)အကွဲအလွဲဖြစ်ခဲ့ရလေသည်။ စင်စစ်သော်ကား အကယ်၍သာအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည် မူလကပင် မရှိခဲ့ပါလျှင် ၎င်းတို့၏စပ်ကြားတွင် စီရင်ဆုံးဖြတ်ခဲ့မည်မှာ ဧကန်မလွဲ အမှန်သော်ကား ၎င်းတို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမြဲတစေယုံမှားသံသယဖြစ်စေသော ဒွိဟ၌ အမှန်ပင် ရှိနေကြကုန်၏။
وَإِنَّ كُلًّا لَمَّا لَيُوَفِّيَنَّهُمْ رَبُّكَ أَعْمَالَهُمْ ۚ إِنَّهُ بِمَا يَعْمَلُونَ خَبِيرٌ
၎င်းပြင် (ထိုသူတို့အနက်) အသီးသီးတို့သည်အကြင်သူများပင် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အချိန်ကျရောက်သောအခါ ထိုသူတို့၏ အပြုအမူများ(၏အစား)ကို အပြည့်ပေးတော်မူမည်။ ဧကန်အမှန်ထိုအရှင်မြတ်သည် ၎င်းတို့ ပြုမူကြသည်တို့ကို အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
فَاسْتَقِمْ كَمَا أُمِرْتَ وَمَنْ تَابَ مَعَكَ وَلَا تَطْغَوْا ۚ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
သို့ဖြစ်ပေရာ အသင်သည်လည်းကောင်း၊ ဝန်ချတောင်းပန်ပြီး အသင်နှင့်အတူရှိနေသူများသည် လည်းကောင်း၊အသင့်အမိန့်တော် ကျရောက်သည့်အတိုင်း ဖြောင့်မတ်တည်ကြည်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ကျူးလွန်ခြင်းမပြုကြ ကုန်လင့်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

Choose other languages: