Quran Apps in many lanuages:

Surah Ghafir Ayahs #70 Translated in Burmese

قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ لَمَّا جَاءَنِيَ الْبَيِّنَاتُ مِنْ رَبِّي وَأُمِرْتُ أَنْ أُسْلِمَ لِرَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ ငါ၏ထံသို့ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာတော်များ ရောက်လာခဲ့ပြီဖြစ်ရာ၊ ငါသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ဆည်းကပ်ကိုးကွယ်ခြင်းမပြုရန် တားမြစ်တော်မူခြင်းကိုခံရ၏။ ထိုမှတစ်ပါး ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုသာလျှင် လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုခံရ၏။
هُوَ الَّذِي خَلَقَكُمْ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ يُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوا أَشُدَّكُمْ ثُمَّ لِتَكُونُوا شُيُوخًا ۚ وَمِنْكُمْ مَنْ يُتَوَفَّىٰ مِنْ قَبْلُ ۖ وَلِتَبْلُغُوا أَجَلًا مُسَمًّى وَلَعَلَّكُمْ تَعْقِلُونَ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည်ဖြင့် ထို့နောက် သွေးခဲဖြင့်၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးသူငယ်များအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏လူလားမြောက်အရွယ်ရောက်သော အချိန်ကာလတိုင်အောင် ရောက်ရှိကြအံ့သောငှာ(အသက်ရှင်စေတော်မူ၏)။ ထို့နောက်တစ်ဖန် အသင်တို့သည် ဇရာအိုများအရွယ်သို့ ရောက်ရှိကြအံ့သောငှာ (အသက်ရှင်စေတော်မူ၏)။ ၎င်းပြင် အသင်တို့အနက်(လူလားမြောက်ခြင်း အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ်သို့လည်းကောင်း၊ မရောက်မီ) ရှေးဦးမဆွ၌ပင် သေဆုံးကြရသူများလည်း ရှိကြပေသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိအံ့သောငှာလည်းကောင်း၊ အသင်တို့သည် သိနားလည်ကြအံ့သောငှာလည်းကောင်း၊(ထိုအရှင်မြတ်သည် အသင်တို့အား ရွှေ့ဆိုင်းထားတော်မူ၏။)
هُوَ الَّذِي يُحْيِي وَيُمِيتُ ۖ فَإِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ
ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် အရေးကိစ္စတစ်စုံတစ်ရာကို ပြဌာန်းလိုတော်မူသောအခါ ဖြစ်စေဟု မိန့်ကြားတော်မူရုံဖြင့် ယင်းအရေးကိစ္စမှာ(ချက်ချင်း)ဖြစ်ပေါ်လာလေသတည်း။
أَلَمْ تَرَ إِلَى الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ أَنَّىٰ يُصْرَفُونَ
(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြသောသူတို့အား မမြင်လေသလော။ ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။
الَّذِينَ كَذَّبُوا بِالْكِتَابِ وَبِمَا أَرْسَلْنَا بِهِ رُسُلَنَا ۖ فَسَوْفَ يَعْلَمُونَ
အကြင်သူတို့သည် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ် မိမိ ရစူလ်တမန်တော်များအား ပေး၍ စေလွှတ်တော်မူသော(အယူဝါဒ အမိန့်ပညတ်စသည်တို့)ကိုလည်းကောင်း၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မကြာမီပင် ၎င်းတို့သည် သိရှိကြရပေမည်။

Choose other languages: