Quran Apps in many lanuages:

Surah Ghafir Ayah #28 Translated in Burmese

وَقَالَ رَجُلٌ مُؤْمِنٌ مِنْ آلِ فِرْعَوْنَ يَكْتُمُ إِيمَانَهُ أَتَقْتُلُونَ رَجُلًا أَنْ يَقُولَ رَبِّيَ اللَّهُ وَقَدْ جَاءَكُمْ بِالْبَيِّنَاتِ مِنْ رَبِّكُمْ ۖ وَإِنْ يَكُ كَاذِبًا فَعَلَيْهِ كَذِبُهُ ۖ وَإِنْ يَكُ صَادِقًا يُصِبْكُمْ بَعْضُ الَّذِي يَعِدُكُمْ ۖ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ مُسْرِفٌ كَذَّابٌ
ထို့ပြင် "ဖစ်ရ်အောင်န်" ၏ ဆွေမျိုးသားချင်းတို့အနက်မှ မိမိ "အီမာန်" ယုံကြည်မှုကို လျှို့ဝှက်၍ ထားရှိလေသော "မုအ်မင်န်"ယောက်ျားတစ်ဦးက (ဤသို့)ပြောဆိုခဲ့လေ၏။ "အသင်တို့သည် လူတစ်ယောက်အား ထိုသူက ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်"ဟု ပြောဆိုမှုကြောင့် သတ်ဖြတ်ကြမည်လော။ အမှန်စင်စစ်သော်ကား ထိုသူသည် အသင်တို့ထံ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေအထောက်အထားများကိုလည်း ယူဆောင်လာခဲ့လေ၏။ စင်စစ်သော်ကား အကယ်၍သာ ထိုသူသည် မုသားဝါဒီဖြစ်မူ ထိုသူ၏မုသားဝါဒသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ သို့ရာတွင် အကယ်၍ ထိုသူသည် သစ္စာဝါဒီဖြစ်လျှင် အသင်တို့အား ထိုသူ ကြိုတင်ဗျာဒိတ်ပေးလျက်ရှိသည်တို့အနက် (ပြစ်ဒဏ်) တစိတ်တဒေသမှာ အသင်တို့၌ သက်ရောက်မည်ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သော လွန်စွာ မုသားပြောဆိုသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

Choose other languages: