Quran Apps in many lanuages:

Surah Fussilat Ayahs #37 Translated in Burmese

وَمَنْ أَحْسَنُ قَوْلًا مِمَّنْ دَعَا إِلَى اللَّهِ وَعَمِلَ صَالِحًا وَقَالَ إِنَّنِي مِنَ الْمُسْلِمِينَ
စင်စစ်သော်ကား အကြင်သူထက် စကားအရာ၌ ကောင်းမြတ်သူကား အဘယ်သူနည်း။ ထိုသူသည်(သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်သည့်ပြင် (မိမိကိုယ်တိုင်လည်း) ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်၏။ ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်သည်(မုစ်လင်မ်)အမိန့်တော်ကို နာခံသောသူတစ်ဦးဖြစ်သည်ဟုပြော၏။
وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ۚ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ
အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည်(မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့်အသင်၏အကြား ၌ ရန်ငြိုးရှိ၏။ ထိုသူသည်မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။
وَمَا يُلَقَّاهَا إِلَّا الَّذِينَ صَبَرُوا وَمَا يُلَقَّاهَا إِلَّا ذُو حَظٍّ عَظِيمٍ
သို့တစေလည်း ယင်းကောင်းမြတ်သောနည်းဟူသည် သည်းခံသောသူတို့သာလျှင် ပေးသနားခြင်း ခံကြရပေသည်။ ထိုနည်းတူစွာ ယင်းကောင်းမြတ် သောနည်းဟူသည်ကြီးကျယ်စွာသော ဝေစုဝေပုံကို ပိုင်ဆိုင်သောသူသည်သာ ပေးသနားခြင်းကို ခံရလေသည်။
وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
၎င်းပြင် အကယ်၍ အသင့်အား ရှိုင်တွာန်မိစ္ဆာကောင်၏ဘက်မှ တစ်စုံတစ်ရာနှောင့်ယှက် ဖျက်ဆီးခြင်းရှိပါလျှင်၊ အသင်သည် အလ္လာဟ်အရှင် မြတ်ထံတော်မှ အကာအကွယ်ကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ
အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင်ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။

Choose other languages: