Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #85 Translated in Burmese

قُلْ إِنْ كَانَ لِلرَّحْمَٰنِ وَلَدٌ فَأَنَا أَوَّلُ الْعَابِدِينَ
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။(အချင်းတို့၊)အကယ်၍ အလ္လာဟ်အရှင်မြတ်၌ သားတစ်ဦးတစ်ယောက် ရှိပါအံ့။ ငါသည် ရှေးဦးပထမ (ထိုသားကို) ဆည်းကပ်ကိုးကွယ်သူဖြစ်အံ့။
سُبْحَانَ رَبِّ السَّمَاوَاتِ وَالْأَرْضِ رَبِّ الْعَرْشِ عَمَّا يَصِفُونَ
မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်၊ "အရ်ရှ်" ပလ္လင်တော်ကိုလည်း ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။(မုရှ်ရစ်က်)တို့ ကြံဖန်(စွပ်စွဲ) ပြောဆိုကြသော စွပ်စွဲချက်တို့မှ(လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူသည်။
فَذَرْهُمْ يَخُوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) ထိုသူတို့သည် မိမိတို့ ချိန်းဆိုခြင်း ခံကြရလေသောနေ့နှင့် တွေ့ဆုံရင်ဆိုင်ကြရသည့်တိုင်အောင် ထိုသူတို့အား အချည်းနှီး အကျိုးမဲ့ဖြစ်သောစကားများ ပြောဆိုလျက်ရှိကြရန် ကစားခုန်�ား ပျော်မြူးလျက်ရှိကြရန် စွန့်ထားပါလေ။
وَهُوَ الَّذِي فِي السَّمَاءِ إِلَٰهٌ وَفِي الْأَرْضِ إِلَٰهٌ ۚ وَهُوَ الْحَكِيمُ الْعَلِيمُ
အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်၌လည်း ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူသည်။ ကမ္ဘာမြေ၌လည်း ဆည်းကပ်ကိုး ကွယ်ရာအရှင် ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ (အလုံးစုံတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။
وَتَبَارَكَ الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَعِنْدَهُ عِلْمُ السَّاعَةِ وَإِلَيْهِ تُرْجَعُونَ
ထိုမှတစ်ပါး အကြင်အရှင်မြတ်သည် ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိသည်။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလကိုလည်း ထိုအရှင်မြတ်ပင် သိမြင်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်သွားကြရမည်။

Choose other languages: