Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #88 Translated in Burmese

وَهُوَ الَّذِي فِي السَّمَاءِ إِلَٰهٌ وَفِي الْأَرْضِ إِلَٰهٌ ۚ وَهُوَ الْحَكِيمُ الْعَلِيمُ
အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်၌လည်း ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူသည်။ ကမ္ဘာမြေ၌လည်း ဆည်းကပ်ကိုး ကွယ်ရာအရှင် ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ (အလုံးစုံတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။
وَتَبَارَكَ الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا وَعِنْدَهُ عِلْمُ السَّاعَةِ وَإِلَيْهِ تُرْجَعُونَ
ထိုမှတစ်ပါး အကြင်အရှင်မြတ်သည် ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိသည်။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလကိုလည်း ထိုအရှင်မြတ်ပင် သိမြင်တော်မူ၏။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့ပင် ပြန်သွားကြရမည်။
وَلَا يَمْلِكُ الَّذِينَ يَدْعُونَ مِنْ دُونِهِ الشَّفَاعَةَ إِلَّا مَنْ شَهِدَ بِالْحَقِّ وَهُمْ يَعْلَمُونَ
စင်စစ်မှာကား ထိုအရှင်မြတ်အားစွန့်၍ ၎င်းတို့ ဟစ်ခေါ်တသကြကုန်သောသူတို့၌ ကြားဝင်အသနားခံပေးနိုင်ခွင့် အလျှင်းမရှိချေ။ သို့ရာတွင် တရားကို သိရှိကြ၍ ဝန်ခံကြကုန်သောသူတို့မှာမူကား (ကြားဝင်အသနားခံ ပေးနိုင်ကြပေမည်)။
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَهُمْ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ
စင်စစ်သော်ကား (အို-နဗီတမန်တော်)အကယ်၍သာ အသင်သည် ၎င်းတို့အား အသင်တို့ကို မည်သူ ဖန်ဆင်းခဲ့သနည်းဟု စုံစမ်းမေးမြန်းခဲ့ပါလျှင် ၎င်းတို့က အလ္လာဟ်အရှင်မြတ်ပင်(ဖန်ဆင်းတော်မူခဲ့သည်)ဟု ဧကန်မလွဲ ပြောဆို(ဖြေကြား)ကြပေမည်။ သို့ပါလျက် ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။
وَقِيلِهِ يَا رَبِّ إِنَّ هَٰؤُلَاءِ قَوْمٌ لَا يُؤْمِنُونَ
၎င်းပြင် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဤအမျိုးသားတို့မှာ "အီမာန်"သက်ဝင်ယုံကြည်ခြင်း မရှိကြသော အမျိုးသားတို့ပင် ဖြစ်ကြပါသည်ဟူသော ရစူလ်တမန်တော် လျှောက်ထားချက်ကိုလည်း (ထိုအရှင်မြတ်သည် သိရှိတော်မူသည်)။

Choose other languages: