Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #89 Translated in Burmese

وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَهُمْ لَيَقُولُنَّ اللَّهُ ۖ فَأَنَّىٰ يُؤْفَكُونَ
စင်စစ်သော်ကား (အို-နဗီတမန်တော်)အကယ်၍သာ အသင်သည် ၎င်းတို့အား အသင်တို့ကို မည်သူ ဖန်ဆင်းခဲ့သနည်းဟု စုံစမ်းမေးမြန်းခဲ့ပါလျှင် ၎င်းတို့က အလ္လာဟ်အရှင်မြတ်ပင်(ဖန်ဆင်းတော်မူခဲ့သည်)ဟု ဧကန်မလွဲ ပြောဆို(ဖြေကြား)ကြပေမည်။ သို့ပါလျက် ၎င်းတို့သည် အဘယ်သို့ ပြန်လှည့်သွားနေကြသနည်း။
وَقِيلِهِ يَا رَبِّ إِنَّ هَٰؤُلَاءِ قَوْمٌ لَا يُؤْمِنُونَ
၎င်းပြင် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဤအမျိုးသားတို့မှာ "အီမာန်"သက်ဝင်ယုံကြည်ခြင်း မရှိကြသော အမျိုးသားတို့ပင် ဖြစ်ကြပါသည်ဟူသော ရစူလ်တမန်တော် လျှောက်ထားချက်ကိုလည်း (ထိုအရှင်မြတ်သည် သိရှိတော်မူသည်)။
فَاصْفَحْ عَنْهُمْ وَقُلْ سَلَامٌ ۚ فَسَوْفَ يَعْلَمُونَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့ဘက်မှ လျစ်လျူရှု၍နေပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား စလာမ် ဆိုပါလေ။ ထို့နောက် မကြာမြင့်မီပင် ၎င်းတို့သည်သိရှိကြ ကုန်အံ့သတည်း။

Choose other languages: