Quran Apps in many lanuages:

Surah Az-Zamar Ayahs #46 Translated in Burmese

اللَّهُ يَتَوَفَّى الْأَنْفُسَ حِينَ مَوْتِهَا وَالَّتِي لَمْ تَمُتْ فِي مَنَامِهَا ۖ فَيُمْسِكُ الَّتِي قَضَىٰ عَلَيْهَا الْمَوْتَ وَيُرْسِلُ الْأُخْرَىٰ إِلَىٰ أَجَلٍ مُسَمًّى ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
အလ္လာဟ်အရှင်မြတ်သည်ပင်(သေဆုံးရန်အချိန်ရောက်သော) အသက်ဇီဝိန်များကို ၎င်းတို့သေဆုံးချိန်၌ နုတ်သိမ်းတော်မူ၏။ ထိုနည်းတူစွာ သေဆုံးရန် အချိန်မရောက်သေးသော အသက်ဇီဝိန်များကိုလည်း ၎င်းတို့အိပ်စက်ရာ၌(နုတ်သိမ်းတော်မူ၏)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော် မူ(ပြီးဖြစ်)သော အသက်ဇီဝိန်များကို ထိုအရှင်မြတ်သည် တားဆီး၍ ထားတော်မူ၏။ သို့ရာတွင် ကျန်အသက်ဇီဝိန်တို့ကိုမူ ထိုအရှင်မြတ်သည် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် လွှတ်ထားတော်မူ၏။ ဧကန်မလွဲ ဤသည်တွင် စဉ်းစားဆင်ခြင်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေလက္ခဏာရပ်များသည် အမှန်ပင် ရှိကြပေသတည်း။
أَمِ اتَّخَذُوا مِنْ دُونِ اللَّهِ شُفَعَاءَ ۚ قُلْ أَوَلَوْ كَانُوا لَا يَمْلِكُونَ شَيْئًا وَلَا يَعْقِلُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတစ်ပါးတို့အား ကြားဝင် အသနားခံပေးသောသူများ ပြုလုပ်သတ်မှတ်ခဲ့ကြလေသလော၊ (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား (အချင်းတို့) ၎င်းတို့သည် မည်သည့် တစ်စုံတစ်ရာကိုမျှ ပိုင်ဆိုင်ခြင်း မရှိကြသည့်အပြင် မည်သည့် တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသော်လည်း (ကြားဝင် အသနားခံ၍ ပေးနိုင်ကြမည်လော)ဟု ပြောဆို(မေးမြန်း) ပါလေ။
قُلْ لِلَّهِ الشَّفَاعَةُ جَمِيعًا ۖ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ ثُمَّ إِلَيْهِ تُرْجَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ကြားဝင် အသနားခံမှု အာဏာအလုံးစုံကား အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာရှိ၏။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်ကြရပေမည်။
وَإِذَا ذُكِرَ اللَّهُ وَحْدَهُ اشْمَأَزَّتْ قُلُوبُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ ۖ وَإِذَا ذُكِرَ الَّذِينَ مِنْ دُونِهِ إِذَا هُمْ يَسْتَبْشِرُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် အောက်မေ့တသ သတိရခြင်းကို ခံရတော်မူသောအခါ"အာခိရတ်"တမလွန်ဘဝကို သက်ဝင်ယုံကြည်ခြင်းမရှိကြသော သူတို့၏စိတ်နှလုံးများသည် စက်ဆုပ်ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အခြားသူများ အောက်မေ့တသသတိရခြင်း ခံကြရသောအခါ၌မူကား ၎င်းတို့သည် ရုတ်တရက် ဝမ်းမြောက်သွားကြကုန်သတည်း။
قُلِ اللَّهُمَّ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ عَالِمَ الْغَيْبِ وَالشَّهَادَةِ أَنْتَ تَحْكُمُ بَيْنَ عِبَادِكَ فِي مَا كَانُوا فِيهِ يَخْتَلِفُونَ
(အို-နဗီတမန်တော်၊) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားသည်ကိုလည်းသိတော်မူသော အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည်ပင် မိမိကျွန်တို့၏အကြားဝယ် ၎င်းတို့အချင်းချင်း သဘော ကွဲလွဲလျက်ရှိခဲ့ကြကုန်သော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။

Choose other languages: