Quran Apps in many lanuages:

Surah At-Tawba Ayahs #89 Translated in Burmese

وَلَا تُعْجِبْكَ أَمْوَالُهُمْ وَأَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ أَنْ يُعَذِّبَهُمْ بِهَا فِي الدُّنْيَا وَتَزْهَقَ أَنْفُسُهُمْ وَهُمْ كَافِرُونَ
ထို့ပြင် ယင်းသူတို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ယင်းသူတို့၏ သားသမီးများသည်လည်းကောင်း အသင့်အား အံ့ဩခြင်းကိုမဖြစ်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ယင်းဥစ္စာပစ္စည်းများနှင့်သားသမီးများအားဖြင့် လောကီဘဝတွင်ပြစ်ဒဏ်ပေးတော်မူရန်နှင့် ထိုသူတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့်၊ ထိုသူတို့၏အသက်ဇီဝိန်ထွက်သွားရန်ကိုသာ ရည်စူးတော်မူလေသတည်း။
وَإِذَا أُنْزِلَتْ سُورَةٌ أَنْ آمِنُوا بِاللَّهِ وَجَاهِدُوا مَعَ رَسُولِهِ اسْتَأْذَنَكَ أُولُو الطَّوْلِ مِنْهُمْ وَقَالُوا ذَرْنَا نَكُنْ مَعَ الْقَاعِدِينَ
စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (စိတ်ရောကိုယ်ပါ) သက်ဝင်ယုံကြည်သည့်ပြင်ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကိုလည်း ပြုကြလေကုန် ဟူသောအမိန့်တော်ပါရှိသည့် ကဏ္ဍတစ်ခုခုသည် ကျရောက်လာသောအခါ၊၎င်းတို့ အနက်မှ ဥစ္စာဓနကြွယ်ဝသောသူများကပင်လျှင်ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးတို့သည် ထိုင်၍နေရစ်ခဲ့သောသူတို့နှင့်အတူ နေရစ်ခဲ့ကြပါရစေ ဟူ၍ အသင့်ထံပြောဆို ခွင့်ပန်လာကြ ကုန်သတည်း။
رَضُوا بِأَنْ يَكُونُوا مَعَ الْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း)သိမြင်နားလည်ကြသည် မဟုတ်ချေ။
لَٰكِنِ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ جَاهَدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ ۚ وَأُولَٰئِكَ لَهُمُ الْخَيْرَاتُ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။
أَعَدَّ اللَّهُ لَهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)

Choose other languages: