Quran Apps in many lanuages:

Surah At-Tawba Ayahs #10 Translated in Burmese

9:6
وَإِنْ أَحَدٌ مِنَ الْمُشْرِكِينَ اسْتَجَارَكَ فَأَجِرْهُ حَتَّىٰ يَسْمَعَ كَلَامَ اللَّهِ ثُمَّ أَبْلِغْهُ مَأْمَنَهُ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْلَمُونَ
တစ်ဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ(အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း)ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
9:7
كَيْفَ يَكُونُ لِلْمُشْرِكِينَ عَهْدٌ عِنْدَ اللَّهِ وَعِنْدَ رَسُولِهِ إِلَّا الَّذِينَ عَاهَدْتُمْ عِنْدَ الْمَسْجِدِ الْحَرَامِ ۖ فَمَا اسْتَقَامُوا لَكُمْ فَاسْتَقِيمُوا لَهُمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ဝတ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။
9:8
كَيْفَ وَإِنْ يَظْهَرُوا عَلَيْكُمْ لَا يَرْقُبُوا فِيكُمْ إِلًّا وَلَا ذِمَّةً ۚ يُرْضُونَكُمْ بِأَفْوَاهِهِمْ وَتَأْبَىٰ قُلُوبُهُمْ وَأَكْثَرُهُمْ فَاسِقُونَ
(ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။
9:9
اشْتَرَوْا بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا فَصَدُّوا عَنْ سَبِيلِهِ ۚ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသောအဖိုးငွေကို လဲလှယ်ဝယ်ယူခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအရှင်မြတ်၏လမ်းတော်မှ ဖောက်ပြန် သွေချော်တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကား အလွန်ဆိုးရွားလှပေသတည်း။
لَا يَرْقُبُونَ فِي مُؤْمِنٍ إِلًّا وَلَا ذِمَّةً ۚ وَأُولَٰئِكَ هُمُ الْمُعْتَدُونَ
၎င်းတို့သည် မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှုကို လည်းကောင်း၊ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား၎င်းတို့သည်�င်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။

Choose other languages: