Quran Apps in many lanuages:

Surah At-Tawba Ayahs #121 Translated in Burmese

لَقَدْ تَابَ اللَّهُ عَلَى النَّبِيِّ وَالْمُهَاجِرِينَ وَالْأَنْصَارِ الَّذِينَ اتَّبَعُوهُ فِي سَاعَةِ الْعُسْرَةِ مِنْ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُ بِهِمْ رَءُوفٌ رَحِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ အကြင် မုဟာဂျီရီန်နှင့် အန်ဆွာရ် သာဝကများအပေါ်သို့လည်းကောင်း၊ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေပြီ။ ယင်းမုဟာဂျီရီန် နှင့်အန်ဆွာရ်သာဝကတို့သည် မိမိတို့အနက် လူတစ်စု၏ စိတ်နှလုံးများတိမ်းစောင်းလုဆဲဆဲဖြစ်ပြီးနောက် ကျပ်တည်းသောအချိန်ကာလ၌ နဗီတမန်တော်မြတ်၏နောက်သို့ လိုက်ခဲ့ကြကုန်၏။ထို့နောက် အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကရုဏာတော်နှင့်လှည့်တော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ အလွန်တရာ သနားကြင်နာတော်မူသောအရှင်အလွန်တရာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
وَعَلَى الثَّلَاثَةِ الَّذِينَ خُلِّفُوا حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ وَضَاقَتْ عَلَيْهِمْ أَنْفُسُهُمْ وَظَنُّوا أَنْ لَا مَلْجَأَ مِنَ اللَّهِ إِلَّا إِلَيْهِ ثُمَّ تَابَ عَلَيْهِمْ لِيَتُوبُوا ۚ إِنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
ထိုအတူ(ထိုအရှင်မြတ်သည်)အကြင် (သာဝက)သုံးဦးတို့ အပေါ်၌လည်း (ကရုဏာတော် နှင့်လှည့်တော်မူခဲ့၏)ထိုသုံးဦးတို့သည် (မည်သို့မျှ အဆုံးအဖြတ်ကို မရရှိကြသေးဘဲ)ရွှေ့ဆိုင်းခြင်း ခံခဲ့ကြရလေရာ၊ နောက်ဆုံးတွင် ပထဝီမြေသည်ဤမျှကျယ်ဝန်းပါလျက်နှင့်ပင် ၎င်းတို့အပေါ်၌ ကျဉ်းကျပ်လာလေတော့၏။ ထို့ပြင် ၎င်းတို့အသက် ထင်ရှားရှိနေခြင်းသည်ပင် ၎င်းတို့အပေါ်၌ ကျပ်တည်းခဲယဉ်းလာခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏အမျက်တော်)မှလွတ်ကင်းရန် ထိုအရှင်မြတ်အထံတော်မှတစ်ပါး အခြားမည်သည့် ခိုကိုးရာဌာနမျှမရှိသည်ကို ယုံကြည်လာခဲ့ကြလေသည်။ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့ (အနာဂတ်ကာလများတွင်လည်း ပြစ်မှု ကျူးလွန်မိတိုင်း အရှင်မြတ်အထံတော်သို့)ပြန်လှည့်နိုင်ကြ ခြင်းငှာ ၎င်းတို့ပေါ်၌ ကရုဏာတော်နှင့် လှည့်တော်မူခဲ့လေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်ကရုဏာတော်နှင့်လှည့်တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَكُونُوا مَعَ الصَّادِقِينَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့်အတူ ရှိကြလေကုန်။ သစ္စာဝါဒီနှင့်အတူ နေထိုင်ကြလေကုန်။
مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُمْ مِنَ الْأَعْرَابِ أَنْ يَتَخَلَّفُوا عَنْ رَسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنْفُسِهِمْ عَنْ نَفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَيْلًا إِلَّا كُتِبَ لَهُمْ بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
မဒီနာမြို့သားတို့အဖို့လည်းကောင်း၊ ထိုသူတို့၏ပတ်ဝန်းကျင်၌ရှိကြသော အရဗ်ကျေးတော သားတို့အဖို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားစွန့်၍ နောက်ကျန်ရစ်ခဲ့ကြရန်မသင့်လျော်ခဲ့ချေ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အသက်ဇီဝိန်များကို ထိုရစူလ်တမန်တော်မြတ်၏ အသက်ဇီဝိန်ထက် ပိုမို၍ နှစ်သက်ကြရန်လည်း မထိုက်ပေ။ဤ(ကဲ့သို့နောက်ချန်ရစ်ခဲ့ခြင်းမပြုဘဲ ရစူလ်တမန်တော်မြတ်နှင့်အတူလိုက်ကြရန် အမိန့်ပြဋ္ဌာန်းတော်မ�ခြင်း၏) အကြောင်းကား ထိုသူတို့၌ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မည်သည့် ရေမွတ်သိပ်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး မည်သည့်ပင်ပန်းခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိ သော်၊ထိုမှတစ်ပါး မည်သည့်ဆာလောင်ခြင်းမဆို ဆိုက်ရောက်ခဲ့သည်ရှိသော်၊ ထိုမှတစ်ပါး ၎င်းတို့သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား အမျက်ဒေါသထွက်စေသည့် မည်သည့် သွားလာမှုကိုမဆို သွားလာကြသည်ရှိသော်၊ ထို့ပြင် ၎င်းတို့သည်ရန်သူတစ်ဦးဦးထံမှ (ရန်သူ၏တပ်လန် ခြင်းကိုသော်လည်းကောင်း၊ထိုသူတို့ထံမှ လက်ရပစ္စည်းကိုသော်လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်ကို သော်လည်းကောင်း၊ ဖမ်းဆီးခြင်းခံရခြင်းကိုသော်လည်းကောင်း၊ ရရှိ(ခံစား)ခဲ့ကြရသည်ရှိသော် ၎င်းတို့အဖို့ခံစားကြရသော ထိုအချက်အသီးသီးနှင့်စပ်လျဉ်း၍ ကောင်းမြတ်သောအပြုအမူတရပ်သည် ရေးသားခြင်း ခံခဲ့ကြရသည်ချည်းသာတည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျင့်သီလ ကောင်းမြတ်သောသူတို့၏ အကျိုးကို အချည်းနှီးဖြစ်စေတော်မူသည် မဟုတ်ချေ။
وَلَا يُنْفِقُونَ نَفَقَةً صَغِيرَةً وَلَا كَبِيرَةً وَلَا يَقْطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمْ لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا كَانُوا يَعْمَلُونَ
၎င်းအပြင် ထိုသူတို့သည် အသေးအဖွဲ သုံးစွဲခြင်းကိုလည်းကောင်း၊ အကြီးအကျယ် သုံးစွဲခြင်းကို လည်းကောင်း၊သုံးစွဲကြသည်ရှိသော်၊ ထို့အတူ ထိုသူတို့သည် မည်သည့်တောင်ကြားအရပ် တစ်ရပ်ရပ်ကိုမဆို ဖြတ်ကျော်ကြသည်ရှိသော်၊ထိုသူတို့အဖို့ ရေးသားထားရှိပြီး ဖြစ်ခဲ့သည်သာတည်း။ (ယင်းကဲ့သို့ ရေးသား၍ထားရှိခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့အား ထိုသူတို့၏အပြုအမူများနှင့်စပ်လျဉ်း၍အကောင်းဆုံးသောအကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခြင်းငှာ ဖြစ်ချေသည်။

Choose other languages: