Quran Apps in many lanuages:

Surah At-Tahrim Ayahs #6 Translated in Burmese

قَدْ فَرَضَ اللَّهُ لَكُمْ تَحِلَّةَ أَيْمَانِكُمْ ۚ وَاللَّهُ مَوْلَاكُمْ ۖ وَهُوَ الْعَلِيمُ الْحَكِيمُ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့၏ ကျိန်ဆိုချက်များကို ဖြေနိုင်ရန် (နည်းလမ်း)သတ်မှတ်၍ ပေးတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကိစ္စအဝဝကို ဆောင်ရွက်ပေးတော်မူသည့်ပြင် ထိုအရှင်မြတ်သည် ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်တရာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
وَإِذْ أَسَرَّ النَّبِيُّ إِلَىٰ بَعْضِ أَزْوَاجِهِ حَدِيثًا فَلَمَّا نَبَّأَتْ بِهِ وَأَظْهَرَهُ اللَّهُ عَلَيْهِ عَرَّفَ بَعْضَهُ وَأَعْرَضَ عَنْ بَعْضٍ ۖ فَلَمَّا نَبَّأَهَا بِهِ قَالَتْ مَنْ أَنْبَأَكَ هَٰذَا ۖ قَالَ نَبَّأَنِيَ الْعَلِيمُ الْخَبِيرُ
၎င်းပြင် (ပြန်လည် သတိရကြလေကုန်။) တစ်ရံရောအခါဝယ် နဗီတမန်တော်မြတ်သည် မိမိ၏ ကြင်ယာတော်တစ်ပါးအား စကားတစ်ခွန်းကို လျှို့ဝှက်စွာ ပြောခဲ့လေ၏။ ထို့နောက် ထိုကြင်ရာတော်က (အခြားကြင်ရာတော်အား) ယင်းစကားကို ပြောပြခဲ့လေ၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းကို နဗီတမန်တော်မြတ်အား အသိပေးတော်မူခဲ့၏။ ထိုအခါ ထိုနဗီတမန်တော်မြတ်သည် ယင်းစကားအချို့ကို သိစေခဲ့ပြီး အချို့ကိုမူ လျစ်လျူရှုထားခဲ့၏။ တစ်ဖန် ထိုနဗီတမန်တော်မြတ်သည် ထိုကြင်ရာတော်အား ယင်းစကားကို ပြောပြခဲ့သောအခါ ထိုကြင်ရာတော်က ဤသတင်းကို အသင့်အား မည်သူပြောပြသနည်းဟု ပြောဆို(မေးမြန်း)ခဲ့ရာ ထိုနဗီတမန်တော်မြတ်က ကျွန်ုပ်အား ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိရှိတော်မူသော၊ ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော၊ အရှင်မြတ်က အသိပေးတော်မူခဲ့သည်ဟု ပြန်ကြားခဲ့လေသည်။
إِنْ تَتُوبَا إِلَى اللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا ۖ وَإِنْ تَظَاهَرَا عَلَيْهِ فَإِنَّ اللَّهَ هُوَ مَوْلَاهُ وَجِبْرِيلُ وَصَالِحُ الْمُؤْمِنِينَ ۖ وَالْمَلَائِكَةُ بَعْدَ ذَٰلِكَ ظَهِيرٌ
အကယ်၍ အသင်(ကြင်ရာတော်)နှစ်ပါး တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ဝန်ချ တောင်းပန်ခဲ့ကြပါလျှင် (အသင်တို့အဖို့ ကောင်း၏။ အဘယ်ကြောင့်ဆိုသော်)စင်စစ်မှာကား အသင်တို့နှစ်ဦး၏ စိတ်နှလုံးမှာ (တမန်တော်မြတ် မနှစ်မြို့သော အရာဘက်သို့) ယိမ်းညွှတ်လျက် ရှိနေခဲ့၏။ သို့ရာတွင် အကယ်၍ အသင်တို့နှစ်ဦးသည် ထိုနဗီတမန်တော်မြတ်နှင့် ဆန့်ကျင်၍ အချင်းချင်း ရိုင်းပင်းကူညီလျက် ရှိကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကာကွယ် စောင့်ရှောက်တော်မူမည့် အဆွေခင်ပွန်း ဖြစ်တော်မူသည်။ ထို့ပြင်တဝ ကောင်းကင်တမန် ‘ဂျစ်ဗ်ရီလ်’သည်လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်သော အဆွေခင်ပွန်းများ ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အပြင် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့သည်လည်း ရိုင်းပင်းကူညီသူများပင် ဖြစ်ကြကုန်၏။
عَسَىٰ رَبُّهُ إِنْ طَلَّقَكُنَّ أَنْ يُبْدِلَهُ أَزْوَاجًا خَيْرًا مِنْكُنَّ مُسْلِمَاتٍ مُؤْمِنَاتٍ قَانِتَاتٍ تَائِبَاتٍ عَابِدَاتٍ سَائِحَاتٍ ثَيِّبَاتٍ وَأَبْكَارًا
အကယ်၍ ထိုနဗီတမန်တော်မြတ်သည် အသင်တို့အား ကွာရှင်းခဲ့ပါလျှင် ထိုနဗီတမန်တော်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အစား ထိုနဗီတမန်တော်မြတ်အား အသင်တို့ထက် ပိုမို၍ထွတ်မြတ်သော’မွတ်စ်လင်မ်’ မိန်းမများ၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော မိန်းမများ၊ အမိန့်ကိုနာခံသော မိန်းမများ၊ ဝန်ချတောင်းပန်ကြသော မိန်းမများ၊ ဝတ်ပြုသောမိန်းမများ၊ ဥပုသ်သီလ ဆောက်တည်သော မိန်းမများ၊ အအိုများနှင့် အပျိုများကို ပေးတော်မူအံ့သတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنْفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။

Choose other languages: