Quran Apps in many lanuages:

Surah At-Taghabun Ayahs #6 Translated in Burmese

هُوَ الَّذِي خَلَقَكُمْ فَمِنْكُمْ كَافِرٌ وَمِنْكُمْ مُؤْمِنٌ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ထိုအရှင်မြတ်သည်သာ အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ပါသော်လည်း အသင်တို့အနက် အချို့မှာ သွေဖည်ငြင်းပယ်သူဖြစ်၍ အသင်တို့အနက် အချို့မှာ သက်ဝင်ယုံကြည်သူ ဖြစ်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့မြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ ۖ وَإِلَيْهِ الْمَصِيرُ
ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ပုံပန်းသဏ္ဌာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ပုံပန်းသဏ္ဌာန်များကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး (အသင်တို့၏ နောက်ဆုံး) ပြန်လည်ရာစခန်းမှာလည်း ထိုအရှင်မြတ်ထံတော်၌ပင် ဖြစ်၏။
يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ۚ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှတို့ကို သိရှိတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ လျှို့ဝှက်စွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကိုလည်း အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ كَفَرُوا مِنْ قَبْلُ فَذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
အသင်တို့ထံ (မိမိတို့)အလျင် သွေဖည်ငြင်းပယ်ခဲ့ကြလေသော ရှေးသူဟောင်းတို့၏ သတင်းရောက်ရှိ၍ မလာခဲ့လေသလော။ သို့သွေဖည် ငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့သည် မိမိတို့၏ အပြုအမူနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေပြီ။ ထိုမှတစ်ပါး (‘အာခိရတ်’တမလွန်ဘဝတွင်) ၎င်းတို့၌ လွန်စွာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။
ذَٰلِكَ بِأَنَّهُ كَانَتْ تَأْتِيهِمْ رُسُلُهُمْ بِالْبَيِّنَاتِ فَقَالُوا أَبَشَرٌ يَهْدُونَنَا فَكَفَرُوا وَتَوَلَّوْا ۚ وَاسْتَغْنَى اللَّهُ ۚ وَاللَّهُ غَنِيٌّ حَمِيدٌ
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ လာရောက်လေ့ ရှိခဲ့ကြသောအခါ ၎င်းတို့က မနုဿလူသားများသည် ကျွန်ုပ်တို့အား တရားလမ်းမှန်ကို ပြသကြမည်လောဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် သွေဖည် ငြင်းပယ်ခဲ့ကြကုန်၏။ ကျောခိုင်းသွားခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့အား ဂရုစိုက်တော်မူသည် မရှိခဲ့ပေ။စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သောဂုဏ်တော်၊ အတိုင်းအဆမရှိ ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: