Quran Apps in many lanuages:

Surah Ash-Shura Ayahs #40 Translated in Burmese

فَمَا أُوتِيتُمْ مِنْ شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَىٰ لِلَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
မည်သို့ပင်ဖြစ်စေ အသင်တို့ ပေးသနားတော်မူခြင်းခံခဲ့ကြရသော ဥစ္စာပစ္စည်းဟူသမျှတို့သည် လောကီဘဝ၏အသုံးအဆောင်ပစ္စည်းမျှသာ ဖြစ်ကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိသမျှတို့မှာမူကား အကောင်းဆုံး၊အမြဲဆုံးပင်ဖြစ်ကုန်၏။ (ယင်းတို့မှာ) အကြင်သူတို့အဖို့ဖြစ်၏။ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ယုံကြည် ကိုးစား အားထားကြကုန်၏။
وَالَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ وَإِذَا مَا غَضِبُوا هُمْ يَغْفِرُونَ
၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှလည်းကောင်း၊ ညစ်ညမ်းသောအမှုကိစ္စတို့မှလည်းကောင်း ကြဉ်ရှောင် ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် မည်သည့်အခါမျိုးမဆို ဒေါသအမျက်ထွက်ကြသည်ရှိသော် ခွင့်လွှတ်လေ့ရှိကြကုန်၏။
وَالَّذِينَ اسْتَجَابُوا لِرَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَمْرُهُمْ شُورَىٰ بَيْنَهُمْ وَمِمَّا رَزَقْنَاهُمْ يُنْفِقُونَ
၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏ဖိတ်ခေါ်ချက်၊ အမိန့်တော်)ကို နာယူကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့၏ (အရေးကြီး သော) အမှုကိစ္စတို့မှာ မိမိတို့အချင်းချင်းညှိနှိုင်းတိုင်ပင် ၍ ဆောင်ရွက်ကြရကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူ သောဥစ္စာပစ္စည်းများမှ သုံးစွဲလှူဒါန်းကြကုန်၏။
وَالَّذِينَ إِذَا أَصَابَهُمُ الْبَغْيُ هُمْ يَنْتَصِرُونَ
ထိုမှတစ်ပါး အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့သည် မတရားသဖြင့်နှိပ်စက်မှုကို ခံကြရသောအခါ ၎င်းတို့သည် မိမိတို့ခံကြရသည်နှင့်အမျှ လက်စားချေ လေ့ရှိကြကုန်သတည်း။
وَجَزَاءُ سَيِّئَةٍ سَيِّئَةٌ مِثْلُهَا ۖ فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ ۚ إِنَّهُ لَا يُحِبُّ الظَّالِمِينَ
စင်စစ်သော်ကား မကောင်းပြုခြင်း၏အစားယင်းမကောင်းပြုခြင်းနှင့် အညီအမျှ မကောင်းပြုခြင်းပင်။ သို့တစေလည်း မည်သူမဆို ခွင့်လွှတ်ခဲ့ပါမူ ၎င်းပြင် (မိမိတို့အချင်းချင်း၏ အရေးကိစ္စများကို ပြေလည်)ကောင်းမွန်အောင် ပြုပြင်ခဲ့ပါမူ ထိုသူအား အကျိုးပေးခြင်းမှာ အလ္လာဟ်အရှင်မြတ်၏တာဝန်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မတရားသောသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။

Choose other languages: