Quran Apps in many lanuages:

Surah Ash-Shura Ayahs #43 Translated in Burmese

وَالَّذِينَ إِذَا أَصَابَهُمُ الْبَغْيُ هُمْ يَنْتَصِرُونَ
ထိုမှတစ်ပါး အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့သည် မတရားသဖြင့်နှိပ်စက်မှုကို ခံကြရသောအခါ ၎င်းတို့သည် မိမိတို့ခံကြရသည်နှင့်အမျှ လက်စားချေ လေ့ရှိကြကုန်သတည်း။
وَجَزَاءُ سَيِّئَةٍ سَيِّئَةٌ مِثْلُهَا ۖ فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ ۚ إِنَّهُ لَا يُحِبُّ الظَّالِمِينَ
စင်စစ်သော်ကား မကောင်းပြုခြင်း၏အစားယင်းမကောင်းပြုခြင်းနှင့် အညီအမျှ မကောင်းပြုခြင်းပင်။ သို့တစေလည်း မည်သူမဆို ခွင့်လွှတ်ခဲ့ပါမူ ၎င်းပြင် (မိမိတို့အချင်းချင်း၏ အရေးကိစ္စများကို ပြေလည်)ကောင်းမွန်အောင် ပြုပြင်ခဲ့ပါမူ ထိုသူအား အကျိုးပေးခြင်းမှာ အလ္လာဟ်အရှင်မြတ်၏တာဝန်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မတရားသောသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။
وَلَمَنِ انْتَصَرَ بَعْدَ ظُلْمِهِ فَأُولَٰئِكَ مَا عَلَيْهِمْ مِنْ سَبِيلٍ
သို့ရာတွင် မည်သူမဆို မိမိမတရားနှိပ်စက်ခြင်းခံခဲ့ရပြီးနောက် (ယင်းခံစားခဲ့ရသည်နှင့်အညီအမျှ) လက်စားချေခဲ့သည်ရှိသော် ထိုကဲ့သို့သောသူတို့အပေါ်၌ အပြစ်တင်ရန်နည်းလမ်းဟူ၍ အလျှင်းမရှိတော့ပေ။
إِنَّمَا السَّبِيلُ عَلَى الَّذِينَ يَظْلِمُونَ النَّاسَ وَيَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۚ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ
အပြစ်တင်ရန်နည်းလမ်းမှာကား လူတို့အပေါ်၌နှိပ်စက်ကြသော တိုင်းပြည်၌ မတရားသဖြင့် ဆူပူသောင်းကျန်းဆိုးသွမ်းကြသော သူတို့အပေါ်၌သာလျှင် ရှိပေသည်။ ယင်းကဲ့သို့သောသူတို့၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိချေမည်။
وَلَمَنْ صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنْ عَزْمِ الْأُمُورِ
သို့ရာတွင် မည်သူမဆို သည်းခံခြင်းကိုလည်းကောင်း၊ ခွင့်လွှတ်ခြင်းကိုလည်းကောင်း၊ ပြုခဲ့ပါလျှင် ဧကန်မလွဲဤသို့ပြုလုပ်ခြင်းကား သတိ္တနှင့်သက်ဆိုင်သော အမှုကိစ္စတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ချေသတည်း။

Choose other languages: