Quran Apps in many lanuages:

Surah Ash-Shura Ayahs #36 Translated in Burmese

وَمِنْ آيَاتِهِ الْجَوَارِ فِي الْبَحْرِ كَالْأَعْلَامِ
ထိုမှတစ်ပါး သမုဒ္ဒရာပင်လယ်၌ တောင်များပမာ(လှုပ်ရှားသွားလာလျက်ရှိနေကြသော)ရွက်သင်္ဘောများမှာလည်း ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့တွင် အပါအဝင် ဖြစ်ကြကုန်၏။
إِنْ يَشَأْ يُسْكِنِ الرِّيحَ فَيَظْلَلْنَ رَوَاكِدَ عَلَىٰ ظَهْرِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် လေကိုငြိမ်သက်စေတော်မူမည်သာ။ ထိုအခါ ယင်းသင်္ဘောမှာသွားလာလှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ၊ သမုဒ္ဒရာပင်လယ်၏ မျက်နှာပြင်ဝယ် ရပ်တန့်လျက်ပင် ရှိနေကြပေမည်။ဧကန်မလွဲ ဤတွင် အလွန်တရာ ကျေးဇူးသိတတ်သော၊ အလွန်တရာ သည်းခံတရားရှိသူတိုင်းအဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိကြကုန်၏။
أَوْ يُوبِقْهُنَّ بِمَا كَسَبُوا وَيَعْفُ عَنْ كَثِيرٍ
သို့တည်းမဟုတ် ထိုအရှင်မြတ်သည် (အလိုရှိတော်မူပါလျှင်) ထိုသင်္ဘော(သား)တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ဖျက်ဆီးတော်မူပေမည်။ သို့တစေလည်းထိုအရှင်မြတ်သည် များစွာတို့အား ခွင့်လွှတ်တော်မူလေ့ရှိ၏။
وَيَعْلَمَ الَّذِينَ يُجَادِلُونَ فِي آيَاتِنَا مَا لَهُمْ مِنْ مَحِيصٍ
ငါအရှင်မြတ်၏အာယတ်တော်များ၌ အငြင်းပွားလေ့ရှိကြသောသူတို့သည် မိမိတို့၌ ထွက်ပြေး လွတ်မြောက်ရာဟူ၍ အလျှင်းမရှိတော့ပြီဟု သိရှိကြအံ့သောငှာ။
فَمَا أُوتِيتُمْ مِنْ شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَىٰ لِلَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
မည်သို့ပင်ဖြစ်စေ အသင်တို့ ပေးသနားတော်မူခြင်းခံခဲ့ကြရသော ဥစ္စာပစ္စည်းဟူသမျှတို့သည် လောကီဘဝ၏အသုံးအဆောင်ပစ္စည်းမျှသာ ဖြစ်ကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိသမျှတို့မှာမူကား အကောင်းဆုံး၊အမြဲဆုံးပင်ဖြစ်ကုန်၏။ (ယင်းတို့မှာ) အကြင်သူတို့အဖို့ဖြစ်၏။ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ယုံကြည် ကိုးစား အားထားကြကုန်၏။

Choose other languages: