Quran Apps in many lanuages:

Surah Ash-Shura Ayahs #21 Translated in Burmese

اللَّهُ الَّذِي أَنْزَلَ الْكِتَابَ بِالْحَقِّ وَالْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ قَرِيبٌ
အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်စွာရှိတန်ရာသည်။
يَسْتَعْجِلُ بِهَا الَّذِينَ لَا يُؤْمِنُونَ بِهَا ۖ وَالَّذِينَ آمَنُوا مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا الْحَقُّ ۗ أَلَا إِنَّ الَّذِينَ يُمَارُونَ فِي السَّاعَةِ لَفِي ضَلَالٍ بَعِيدٍ
ယင်း ကိယာမတ်ရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍ ၎င်းကို မယုံကြည်သောသူတို့သည်သာလျှင် အလျင်စလိုပြုလျက်ရှိကြကုန်၏။ သို့ရာတွင်မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာမူကား ယင်းကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလကို စိုးရိမ်၍နေကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ၎င်းကို မှန်ကန်သည်ဟု ယုံကြည်ကြကုန်၏။ သတိပြုကြလေကုန်။ ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်၍ အငြင်းအခုံပြုကြသောသူတို့မှာမူကား လွန်စွာဝေးကွာလှသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
اللَّهُ لَطِيفٌ بِعِبَادِهِ يَرْزُقُ مَنْ يَشَاءُ ۖ وَهُوَ الْقَوِيُّ الْعَزِيزُ
အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့၏အလွန်နက်နဲသိမ်မွေ့သော အရေးကိစ္စတို့ကိုပင် ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (မိမိအလိုရှိတော်မူသရွေ့) စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် စွမ်းရည်သတ္တိနှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။
مَنْ كَانَ يُرِيدُ حَرْثَ الْآخِرَةِ نَزِدْ لَهُ فِي حَرْثِهِ ۖ وَمَنْ كَانَ يُرِيدُ حَرْثَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَا لَهُ فِي الْآخِرَةِ مِنْ نَصِيبٍ
မည်သူမဆို အာခိရသ်တမလွန်ဘဝ၏ လယ်ယာစိုက်ပျိုးမှုကို လိုလားသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း အား၎င်း၏လယ်ယာစိုက်ပျိုးမှုတွင် တိုးပွား စေတော်မူပေမည်။သို့ရာတွင် မည်သူမဆို (ဤမျက်မှောက်)လောက၏ လယ်ယာစိုက်ပျိုးမှု လိုလားပါမူ ငါအရှင်မြတ်သည် ၎င်းအား(လည်း)ဤ(မျက်မှောက်)လောကမှ အနည်းငယ်ပေးတော်မူမည်။ သို့ရာတွင် အာခိရတ်တမလွန်ဘဝ၌မူကား ၎င်း၏အဖို့ မည်သည့်ဝေစုဝေပုံမျှပင် ရှိလိမ့်မည်မဟုတ်ပြီ။
أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُمْ مِنَ الدِّينِ مَا لَمْ يَأْذَنْ بِهِ اللَّهُ ۚ وَلَوْلَا كَلِمَةُ الْفَصْلِ لَقُضِيَ بَيْنَهُمْ ۗ وَإِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
၎င်းတို့၌ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန်သာသနာမျိုးကို ၎င်းတို့အဖို့ သတ်မှတ်ပြဋ္ဌာန်း၍ပေးခဲ့ကြသော တွဲဖက်(ကိုးကွယ်ရာ)များရှိကြသလော။အမှန်စင်စစ်သော်ကား စီရင်ဆုံးဖြတ်ရန် အမိန့်တော်တစ်ရပ်သည် (ရှေးဦးမဆွက)မရှိခဲ့ပါလျှင် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ သို့တစေလည်း မတရားသောသူတို့၌မူကား ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဧကန်မလွဲရှိချေအံ့သတည်း။

Choose other languages: