Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #88 Translated in Burmese

وَاجْعَلْ لِي لِسَانَ صِدْقٍ فِي الْآخِرِينَ
၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် နာမည်ကောင်းခြင်းကို ပြုလုပ်၍ ပေးတော်မူပါ။ (တစ်နည်း) အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် ကောင်းစွာ ကျော်ကြားမှုကို (ကောင်းစွာသတိရခြင်းကို) ပြုလုပ်၍ ပေးတော်မူပါ။
وَاجْعَلْنِي مِنْ وَرَثَةِ جَنَّةِ النَّعِيمِ
ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျေးဇူးတော်နှင့်ပြည့်စုံသော ‘ဂျန္နတ်’ သုခဘုံ၏ အမွေစားအမွေခံ ပြုလုပ်တော်မူပါ။
وَاغْفِرْ لِأَبِي إِنَّهُ كَانَ مِنَ الضَّالِّينَ
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ် ၎င်းမှာ လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ပါသည်။
وَلَا تُخْزِنِي يَوْمَ يُبْعَثُونَ
၎င်းပြင် အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။
يَوْمَ لَا يَنْفَعُ مَالٌ وَلَا بَنُونَ
အကြင်နေ့တွင် ပစ္စည်းဥစ္စာသည် လည်းကောင်း၊သား(သမီး)များသည် လည်းကောင်း၊ အသုံးဝင်မည် မဟုတ်ပါ။

Choose other languages: