Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #90 Translated in Burmese

وَاغْفِرْ لِأَبِي إِنَّهُ كَانَ مِنَ الضَّالِّينَ
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ် ၎င်းမှာ လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ပါသည်။
وَلَا تُخْزِنِي يَوْمَ يُبْعَثُونَ
၎င်းပြင် အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။
يَوْمَ لَا يَنْفَعُ مَالٌ وَلَا بَنُونَ
အကြင်နေ့တွင် ပစ္စည်းဥစ္စာသည် လည်းကောင်း၊သား(သမီး)များသည် လည်းကောင်း၊ အသုံးဝင်မည် မဟုတ်ပါ။
إِلَّا مَنْ أَتَى اللَّهَ بِقَلْبٍ سَلِيمٍ
သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ စင်ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွရောက်ရှိခဲ့ပါလျှင်(ထိုသူသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပေမည်)။
وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ
၎င်းပြင် (ထိုနေ့တွင်) ‘ဂျန္နတ်’ သုခဘုံသည် ပြစ်မှုဒု�ရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့နှင့် နီးကပ်စွာထားရှိပြီး ဖြစ်ပေမည်။

Choose other languages: