Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #93 Translated in Burmese

إِلَّا مَنْ أَتَى اللَّهَ بِقَلْبٍ سَلِيمٍ
သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ စင်ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွရောက်ရှိခဲ့ပါလျှင်(ထိုသူသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပေမည်)။
وَأُزْلِفَتِ الْجَنَّةُ لِلْمُتَّقِينَ
၎င်းပြင် (ထိုနေ့တွင်) ‘ဂျန္နတ်’ သုခဘုံသည် ပြစ်မှုဒု�ရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့နှင့် နီးကပ်စွာထားရှိပြီး ဖြစ်ပေမည်။
وَبُرِّزَتِ الْجَحِيمُ لِلْغَاوِينَ
ထို့ပြင် ‘ဂျဟန္နမ်’ ငရဲသည် လမ်းလွဲသူတို့၏ရှေ့ဝယ် ထင်ရှားစေခြင်းကို ခံရပေမည်။
وَقِيلَ لَهُمْ أَيْنَ مَا كُنْتُمْ تَعْبُدُونَ
ထိုမှတစ်ပါး ၎င်းတို့သည် ‘အသင်တို့ ဆည်းကပ် ကိုးကွယ်လျက်ရှိခဲ့ကြသော ကိုးကွယ်ရာများသည် (ယခု) မည်သည့်နေရာ၌ ရှိကြသနည်း’ ဟု ပြောဆိုမေးမြန်းခြင်းကို ခံကြရပေမည်။
مِنْ دُونِ اللَّهِ هَلْ يَنْصُرُونَكُمْ أَوْ يَنْتَصِرُونَ
အလ္လာဟ်အရှင်မြတ်အား စွန့်၍ (အသင်တို့ ကိုးကွယ်လျက်ရှိခဲ့ကြသော) ကိုးကွယ်ရာများသည်(ယခု)အသင်တို့အား ကူညီနိုင်ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် မိမိတို့ကိုယ်ကို ကယ်တင်နိုင်ကြလေသလော။

Choose other languages: