Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #76 Translated in Burmese

قَالَ هَلْ يَسْمَعُونَكُمْ إِذْ تَدْعُونَ
အိဗ်ရာဟီမ်က မေးမြန်းခဲ့၏။ အသင်တို့ ဟစ်ခေါ်ကြသောအခါ ထိုအရုပ်များသည် အသင်တို့၏ ဟစ်ခေါ်သံကို ကြားကြလေသလော။
أَوْ يَنْفَعُونَكُمْ أَوْ يَضُرُّونَ
သို့မဟုတ်၊ ၎င်းတို့သည် (အသင်တို့အား) အကျိုးပြုကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် (အသင်တို့အား) အကျိုးယုတ်စေနိုင်ကြလေသလော။
قَالُوا بَلْ وَجَدْنَا آبَاءَنَا كَذَٰلِكَ يَفْعَلُونَ
ထိုအမျိုးသားတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ ဘိုးဘေးတို့အား ဤအတိုင်း ပြုမူကြသည်ကို တွေ့ရှိခဲ့ကြ ပါသည်ဟု ဖြေကြားခဲ့ကြကုန်၏။
قَالَ أَفَرَأَيْتُمْ مَا كُنْتُمْ تَعْبُدُونَ
အိဗ်ရာဟီမ်က အသင်တို့သည် မိမိတို့ ကိုးကွယ်ဆည်းကပ် လျက်ရှိကြသောအရာများ၏ (အခြေအနေ)ကို(လေ့လာသုံးသပ်)တွေ့မြင်ကြပြီလော။
أَنْتُمْ وَآبَاؤُكُمُ الْأَقْدَمُونَ
အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ရှေးဟောင်းအဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊

Choose other languages: