Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #79 Translated in Burmese

قَالَ أَفَرَأَيْتُمْ مَا كُنْتُمْ تَعْبُدُونَ
အိဗ်ရာဟီမ်က အသင်တို့သည် မိမိတို့ ကိုးကွယ်ဆည်းကပ် လျက်ရှိကြသောအရာများ၏ (အခြေအနေ)ကို(လေ့လာသုံးသပ်)တွေ့မြင်ကြပြီလော။
أَنْتُمْ وَآبَاؤُكُمُ الْأَقْدَمُونَ
အသင်တို့သည်လည်းကောင်း၊ အသင်တို့၏ရှေးဟောင်းအဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊
فَإِنَّهُمْ عَدُوٌّ لِي إِلَّا رَبَّ الْعَالَمِينَ
အကြောင်းမှာမူ ဧကန်မလွဲ ၎င်းတို့သည် ငါ၏ရန်သူများပင် ဖြစ်ကြကုန်၏။ သို့ရာတွင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မှာမူကား လောကီဘ၀တွင်လည်းကောင်း၊ "အာခိရတ်" တမလွန်ဘ၀တွင်လည်းကောင်း၊ ငါ၏အဆွေခင်ပွန်းပင် ဖြစ်တော်မူပေသတည်း။
الَّذِي خَلَقَنِي فَهُوَ يَهْدِينِ
အကြင်အရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အားလမ်းညွှန်ပြတော်မူ၏။
وَالَّذِي هُوَ يُطْعِمُنِي وَيَسْقِينِ
၎င်ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား ကျွေးမွေးတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား တိုက်ကျွေးတော်မူ၏။

Choose other languages: