Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #82 Translated in Burmese

الَّذِي خَلَقَنِي فَهُوَ يَهْدِينِ
အကြင်အရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အားလမ်းညွှန်ပြတော်မူ၏။
وَالَّذِي هُوَ يُطْعِمُنِي وَيَسْقِينِ
၎င်ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား ကျွေးမွေးတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား တိုက်ကျွေးတော်မူ၏။
وَإِذَا مَرِضْتُ فَهُوَ يَشْفِينِ
ထိုမှတစ်ပါး ငါသည် နာဖျားသောအခါ ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အား(ဝေဒနာ)ပျောက်ကင်းစေတော်မူ၏။
وَالَّذِي يُمِيتُنِي ثُمَّ يُحْيِينِ
ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား(သေချိန်တွင်) သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ငါ့အား (ကိယာမတ်နေ့တွင်) ရှင်စေတော်မူမည်။
وَالَّذِي أَطْمَعُ أَنْ يَغْفِرَ لِي خَطِيئَتِي يَوْمَ الدِّينِ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် တရားစီရင်မည့်နေ့တွင် ငါ၏မှားယွင်းချက်များကို ခွင့်လွှတ်တော်မူမည်ဖြစ်ကြောင်း ငါမျှော်လင့်လျက်ပင် ရှိပေသတည်း။

Choose other languages: