Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #83 Translated in Burmese

وَالَّذِي هُوَ يُطْعِمُنِي وَيَسْقِينِ
၎င်ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား ကျွေးမွေးတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား တိုက်ကျွေးတော်မူ၏။
وَإِذَا مَرِضْتُ فَهُوَ يَشْفِينِ
ထိုမှတစ်ပါး ငါသည် နာဖျားသောအခါ ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အား(ဝေဒနာ)ပျောက်ကင်းစေတော်မူ၏။
وَالَّذِي يُمِيتُنِي ثُمَّ يُحْيِينِ
ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား(သေချိန်တွင်) သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ငါ့အား (ကိယာမတ်နေ့တွင်) ရှင်စေတော်မူမည်။
وَالَّذِي أَطْمَعُ أَنْ يَغْفِرَ لِي خَطِيئَتِي يَوْمَ الدِّينِ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် တရားစီရင်မည့်နေ့တွင် ငါ၏မှားယွင်းချက်များကို ခွင့်လွှတ်တော်မူမည်ဖြစ်ကြောင်း ငါမျှော်လင့်လျက်ပင် ရှိပေသတည်း။
رَبِّ هَبْ لِي حُكْمًا وَأَلْحِقْنِي بِالصَّالِحِينَ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအား သူတော်စင်များနှင့်အတူ ပေါင်းဖက် ပါဝင်စေတော်မူပါ။

Choose other languages: