Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #63 Translated in Burmese

كَذَٰلِكَ وَأَوْرَثْنَاهَا بَنِي إِسْرَائِيلَ
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းပစ္စည်းများကို အစ္စရာအီလီမျိုးနွယ်တို့အား ပိုင်ဆိုင်စေတော်မူခဲ့ပေသတည်း။
فَأَتْبَعُوهُمْ مُشْرِقِينَ
ထို့နောက် ၎င်း(ဖစ်ရ်အောင်န်နှင့်တကွ အခြွေအရံ)တို့သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား နေထွက်ချိန်၌ နောက်�ှလိုက်၍ မီခဲ့ကြကုန်၏။
فَلَمَّا تَرَاءَى الْجَمْعَانِ قَالَ أَصْحَابُ مُوسَىٰ إِنَّا لَمُدْرَكُونَ
တစ်ဖန် အုပ်စုနှစ်ခုလုံးသည် တစ်ဖက်ကိုတစ်ဖက် တွေ့မြင်ကြလေသောအခါ မူစာ၏အပေါင်းပါတို့က ဧကန်မလွဲ ကျွန်ုပ်တို့သည် အမှန်ပင် အဖမ်းခံကြရပြီဟု (ထိတ်လန့်) ပြောဆိုခဲ့ကြကုန်၏။
قَالَ كَلَّا ۖ إِنَّ مَعِيَ رَبِّي سَيَهْدِينِ
(ထိုအခါ) မူစာက အလျှင်း(အဖမ်းခံကြရမည်)မဟုတ်။ မလွဲဧကန် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ငါနှင့်အတူ ရှိတော်မူပေရာ၊ ယခုပင် ထိုအရှင်မြတ်သည် ငါ့အား(ပင်လယ်မှထွက်နိုင်ရန်) လမ်းညွှန်တော်မူမည်ဟုပြန်ကြားခဲ့လေ၏။
فَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنِ اضْرِبْ بِعَصَاكَ الْبَحْرَ ۖ فَانْفَلَقَ فَكَانَ كُلُّ فِرْقٍ كَالطَّوْدِ الْعَظِيمِ
ထိုအခါ ငါအရှင်မြတ်သည် မူစာ၏ထံသို့အသင်သည် မိမိတောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်ပါလေဟု အမိန့်တော် ထုတ်ပြန်တော်မူခဲ့၏။ သို့ဖြစ် ပေရာ(မူစာသည် အမိန့်တော်အတိုင်းရိုက်ခတ်လေသော်)ထိုပင်လယ်မှာ ကွဲ၍သွားပြီးလျှင်(ရေ၏)အစုအပုံ အသီးသီးတို့မှာ ကြီးမားလှစွာသော တောင်ကြီးများပမာ ဖြစ်သွားခဲ့ကြလေ၏။

Choose other languages: