Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #226 Translated in Burmese

تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍ
ထို ရှိုင်တွာန်မိစ္ဆာကောင်များမှာ ဒုစရိုက်ကျူးလွန်သောမုသာဝါဒီတိုင်း၏ အပေါ်၌ ဆင်းသက်၍လာကြကုန်၏။
يُلْقُونَ السَّمْعَ وَأَكْثَرُهُمْ كَاذِبُونَ
အကြင်သူတို့သည်(ထို ရှိုင်တွာန်မိစ္ဆာကောင်များဘက်သို့) နားစိုက်၍ နားထောင်ကြကုန်၏။ စင်စစ် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
وَالشُّعَرَاءُ يَتَّبِعُهُمُ الْغَاوُونَ
သို့ရာတွင် လင်္ကာဆရာတို့မှာမူကား လမ်းလွဲသူတို့သာလျှင် ၎င်းတို့နောက်သို့လိုက်ကြကုန်၏။
أَلَمْ تَرَ أَنَّهُمْ فِي كُلِّ وَادٍ يَهِيمُونَ
ဧကန်အမှန် ၎င်းတို့သည် ချောင်းလျှိုရိုးတိုင်းတွင် ဦးလှည့်ရာ သွားလာလျက်ရှိကြသည်ကို အသင်သည် မမြင်ပါလော။
وَأَنَّهُمْ يَقُولُونَ مَا لَا يَفْعَلُونَ
ထိုမှတစ် ပါး ၎င်းတို့သည် မိမိတို့ မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ ရှိကြကုန်၏။

Choose other languages: