Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #227 Translated in Burmese

يُلْقُونَ السَّمْعَ وَأَكْثَرُهُمْ كَاذِبُونَ
အကြင်သူတို့သည်(ထို ရှိုင်တွာန်မိစ္ဆာကောင်များဘက်သို့) နားစိုက်၍ နားထောင်ကြကုန်၏။ စင်စစ် ၎င်းတို့အနက် အများဆုံးသောသူတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
وَالشُّعَرَاءُ يَتَّبِعُهُمُ الْغَاوُونَ
သို့ရာတွင် လင်္ကာဆရာတို့မှာမူကား လမ်းလွဲသူတို့သာလျှင် ၎င်းတို့နောက်သို့လိုက်ကြကုန်၏။
أَلَمْ تَرَ أَنَّهُمْ فِي كُلِّ وَادٍ يَهِيمُونَ
ဧကန်အမှန် ၎င်းတို့သည် ချောင်းလျှိုရိုးတိုင်းတွင် ဦးလှည့်ရာ သွားလာလျက်ရှိကြသည်ကို အသင်သည် မမြင်ပါလော။
وَأَنَّهُمْ يَقُولُونَ مَا لَا يَفْعَلُونَ
ထိုမှတစ် ပါး ၎င်းတို့သည် မိမိတို့ မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ ရှိကြကုန်၏။
إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَذَكَرُوا اللَّهَ كَثِيرًا وَانْتَصَرُوا مِنْ بَعْدِ مَا ظُلِمُوا ۗ وَسَيَعْلَمُ الَّذِينَ ظَلَمُوا أَيَّ مُنْقَلَبٍ يَنْقَلِبُونَ
သို့ရာတွင် (ယင်းလင်္ကာဆရာများအနက်မှ)အကြင်သူတို့သည် အီမာန် သက်ဝင်ယုံကြည်ခဲ့ကြပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အားလည်း များစွာတသ သတိရခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ မတရားသဖြင့်နှိပ်စက်မှုကို ခံခဲ့ရပြီးနောက်တွင် လက်စားချေခဲ့ကြကုန်၏။(ထိုကဲ့သို့သော သူတို့မှာ ဤအမိန့်တော်၌ အကျုံးမဝင်ကြပေ)။စင်စစ်သော်ကား မတရားသဖြင့် နှိပ်စက်ကြကုန်သောသူတို့သည် မိမိတို့မှာ မည်သည့် နေရာသို့ ပြန်လှည့်ကြမည်ကို မကြာမြင့်မီပင် သိရှိကြကုန်အံ့သတည်း။

Choose other languages: