Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #189 Translated in Burmese

قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ
ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ရှုအိုက်ဗ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်း ခံရသူတစ်ဦးပင်ဖြစ်၏။
وَمَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا وَإِنْ نَظُنُّكَ لَمِنَ الْكَاذِبِينَ
စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှအပ အခြားမဟုတ်ပြီ။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီတစ်ဦးပင်ဖြစ်သည်ဟု ထင်မှတ်ကြကုန်၏။
فَأَسْقِطْ عَلَيْنَا كِسَفًا مِنَ السَّمَاءِ إِنْ كُنْتَ مِنَ الصَّادِقِينَ
သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီတို့တွင် အပါအဝင်ဖြစ်မူ ကျွန်ုပ်တို့အပေါ်၌ မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာအောင် သင်ပြုလုပ်ပါလေ။
قَالَ رَبِّي أَعْلَمُ بِمَا تَعْمَلُونَ
ထိုရှုအိုက်ဗ်က ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ပြုမူကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ပြောကြားခဲ့၏။
فَكَذَّبُوهُ فَأَخَذَهُمْ عَذَابُ يَوْمِ الظُّلَّةِ ۚ إِنَّهُ كَانَ عَذَابَ يَوْمٍ عَظِيمٍ
၎င်းနောက် ထိုအမျိုးသားတို့သည် ထိုရှုအိုက်ဗ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေရာ တိမ်များကျလာသောနေ့၏ ပြစ်ဒဏ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့၏။ ဧကန်မလွဲ ယင်းပြစ်ဒဏ်သည် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ်ပင်ဖြစ်ခဲ့၏။

Choose other languages: