Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #188 Translated in Burmese

وَاتَّقُوا الَّذِي خَلَقَكُمْ وَالْجِبِلَّةَ الْأَوَّلِينَ
ထို့ပြင် အသင်တို့သည် မိမိတို့အားလည်းကောင်း၊ ရှေးဟောင်း အဖန်ဆင်းခံတို့အားလည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ
ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ရှုအိုက်ဗ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်း ခံရသူတစ်ဦးပင်ဖြစ်၏။
وَمَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا وَإِنْ نَظُنُّكَ لَمِنَ الْكَاذِبِينَ
စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှအပ အခြားမဟုတ်ပြီ။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီတစ်ဦးပင်ဖြစ်သည်ဟု ထင်မှတ်ကြကုန်၏။
فَأَسْقِطْ عَلَيْنَا كِسَفًا مِنَ السَّمَاءِ إِنْ كُنْتَ مِنَ الصَّادِقِينَ
သို့ဖြစ်ပေရာ အသင်သည် သစ္စာဝါဒီတို့တွင် အပါအဝင်ဖြစ်မူ ကျွန်ုပ်တို့အပေါ်၌ မိုးကောင်းကင်၏ အစိတ်အပိုင်းတစ်ခုခု ကျလာအောင် သင်ပြုလုပ်ပါလေ။
قَالَ رَبِّي أَعْلَمُ بِمَا تَعْمَلُونَ
ထိုရှုအိုက်ဗ်က ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ပြုမူကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ပြောကြားခဲ့၏။

Choose other languages: