Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #192 Translated in Burmese

قَالَ رَبِّي أَعْلَمُ بِمَا تَعْمَلُونَ
ထိုရှုအိုက်ဗ်က ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ပြုမူကြသည်ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ပြောကြားခဲ့၏။
فَكَذَّبُوهُ فَأَخَذَهُمْ عَذَابُ يَوْمِ الظُّلَّةِ ۚ إِنَّهُ كَانَ عَذَابَ يَوْمٍ عَظِيمٍ
၎င်းနောက် ထိုအမျိုးသားတို့သည် ထိုရှုအိုက်ဗ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေရာ တိမ်များကျလာသောနေ့၏ ပြစ်ဒဏ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့၏။ ဧကန်မလွဲ ယင်းပြစ်ဒဏ်သည် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ်ပင်ဖြစ်ခဲ့၏။
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ဧကန်စင်စစ် ဤသည့်ဖြစ်ရပ်၌ (ကြီးကျယ်စွာသော) သင်ခန်းစာတစ်ရပ်သည်ရှိခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် (မက္ကာမြို့သား ကာဖိရ်များအနက်) အများဆုံးသောသူတို့မှာမူကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြပေ။
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူသော အရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊အလွန်တရာ ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَإِنَّهُ لَتَنْزِيلُ رَبِّ الْعَالَمِينَ
၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။

Choose other languages: