Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #195 Translated in Burmese

وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူသော အရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊အလွန်တရာ ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَإِنَّهُ لَتَنْزِيلُ رَبِّ الْعَالَمِينَ
၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။
نَزَلَ بِهِ الرُّوحُ الْأَمِينُ
အရ်ရူဟုလ်အမီန်" (ယုံကြည်စိတ်ချအပ်သောဝိညာဉ်တော်) ကောင်းကင်တမန်ဂျစ်ဗ်ရီလ်သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်)ကို ယူဆောင်ချပေးခဲ့လေသည်။
عَلَىٰ قَلْبِكَ لِتَكُونَ مِنَ الْمُنْذِرِينَ
အသင်၏ စိတ်နှလုံးပေါ်၌ အသင်သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်အံ့သောငှာ။
بِلِسَانٍ عَرَبِيٍّ مُبِينٍ
ရှင်းလင်းသော အရဗီဘာသာဖြင့်။

Choose other languages: