Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #186 Translated in Burmese

وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ
ထို့ပြင် အသင်တို့သည် မှန်ကန်သော ရာဇူချိန်ခွင်ဖြင့် ချိန်တွယ်ကြလေကုန်။
وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
၎င်းပြင် အသင်တို့သည် လူတို့အား ၎င်းတို့၏ ဝတ္ထုပစ္စည်းများကိုလျှော့၍ မပေးကြကုန်လင့်။ ထိုမှတစ်ပါးအသင်တို့သည် တိုင်းပြည်တွင် ဖျက်ဆီးသူများအဖြစ် သွားလာလှုပ်ရှား သောင်းကျန်းခြင်းကို မပြုကြကုန်လင့်။
وَاتَّقُوا الَّذِي خَلَقَكُمْ وَالْجِبِلَّةَ الْأَوَّلِينَ
ထို့ပြင် အသင်တို့သည် မိမိတို့အားလည်းကောင်း၊ ရှေးဟောင်း အဖန်ဆင်းခံတို့အားလည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
قَالُوا إِنَّمَا أَنْتَ مِنَ الْمُسَحَّرِينَ
ထိုအမျိုးသားတို့က ပြောဆိုခဲ့ကြကုန်၏။ (အို-ရှုအိုက်ဗ်၊) အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်း ခံရသူတစ်ဦးပင်ဖြစ်၏။
وَمَا أَنْتَ إِلَّا بَشَرٌ مِثْلُنَا وَإِنْ نَظُنُّكَ لَمِنَ الْكَاذِبِينَ
စင်စစ် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှအပ အခြားမဟုတ်ပြီ။ ၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား မုသာဝါဒီတစ်ဦးပင်ဖြစ်သည်ဟု ထင်မှတ်ကြကုန်၏။

Choose other languages: