Quran Apps in many lanuages:

Surah Ash-Shu'ara Ayahs #172 Translated in Burmese

قَالَ إِنِّي لِعَمَلِكُمْ مِنَ الْقَالِينَ
ထိုလူ(တ်)က (အချင်းတို့၊) ဧကန်အမှန် ငါသည် အသင်တို့၏အကျင့်အမူကို လွန်စွာစက်ဆုပ်သူတစ်ဦးပင် ဖြစ်သည်ဟု ပြောကြားခဲ့၏။
رَبِّ نَجِّنِي وَأَهْلِي مِمَّا يَعْمَلُونَ
ထို့နောက် လူ(တ်)က] အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ အိမ်သူအိမ်သားတို့အားလည်းကောင်း၊ (နောက်လိုက်ငယ်သားတို့အားလည်းကောင်း၊) ထိုအမျိုးသားတို့ ကျင့်မူလျက်ရှိကြကုန်သော (ပြစ်မှုဒုစရိုက်၏ပြစ်ဒဏ်မှ) ကင်းလွတ်စေတော်မူပါ (ဟုလျှောက်ထားခဲ့၏)။
فَنَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို လူ(တ်)နှင့်တကွ ၎င်း၏အိမ်သူအိမ်သား တပည့်သားအားလုံးကိုပင် ကယ်တင်တော်မူခဲ့၏။
إِلَّا عَجُوزًا فِي الْغَابِرِينَ
သို့ရာတွင် အမယ်အိုတစ်ဦးမှာမူကား နောက်၌ကျန်ရစ်ခဲ့သူတို့တွင် ကျန်ရစ်ခဲ့လေ၏။
ثُمَّ دَمَّرْنَا الْآخَرِينَ
ထို့နောက် ငါအရှင်မြတ်သည် ကျန်လူအားလုံးတို့ကို ဖျက်ဆီးတော်မူခဲ့၏။

Choose other languages: